Homeပြည်တွင်းသတင်းမြန်မာငလျင်ဘေးအတွက် စတာလင်ပေါင် ၁၀ သန်းထောက်ပံ့မယ်လို့ UK အစိုးရ ကြေညာ

မြန်မာငလျင်ဘေးအတွက် စတာလင်ပေါင် ၁၀ သန်းထောက်ပံ့မယ်လို့ UK အစိုးရ ကြေညာ

၃၀ မတ်၊ ၂၀၂၅

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူပြည်သားများအတွက် ယူကေအစိုးရက စတာလင်ပေါင် ၁၀ သန်း ထောက်ပံ့မယ်လို့ မြန်မာနိုင်ငံမှာ ရှိတဲ့ UK သံရုံးက မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီ UK ရန်ပုံငွေအစီအစဉ်ဟာ ငလျင်ဒဏ် အပြင်းထန်ဆုံးခံရတဲ့ ဒေသတွေကို အကူအညီတွေ ပ်လောင်းတိုးမြှင့်ပေးသွားမှာဖြစ်ပြီးအစားအစာ၊ ရေထောက်ပံ့မှု၊ ဆေးဝါးနဲ့ နေစရာအမိုးအကာတွေ ရရှိစေရန်အတွက် ဦးတည်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Baroness Chapman က“ပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးနောက် ယူကေကမြန်မာပြည်သူပြည်သားများထံ အသက်ကယ်အကူအညီတွေ ချက်ချင်းပေးပို့လျက်ရှိပါတယ်။ ယူကေမှ ရန်ပုံငွေထောက်ပံ့ထားတဲ့ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းတွေက မြေပြင်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေကိုအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပြီး အခုထောက်ပံ့လိုက်တဲ့ စတာလင်ပေါင် ၁၀ သန်းက ၄င်းတို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုအားကောင်းလာစေမှာဖြစ်ပါတယ်။”လို့ ပြောပါတယ်။

ဓါတ်ပုံ – လူမှုကွန်ရက်

ဆက်စပ် သတင်းများ

Most read