Homeပြည်တွင်းသတင်းမြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို ပစ်မှတ်ထားလိမ်ယူနေတာကို အကာအကွယ်ပေးဖို့ အမေရိကန် ကွန်ဂရက် တိုက်တွန်း

မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို ပစ်မှတ်ထားလိမ်ယူနေတာကို အကာအကွယ်ပေးဖို့ အမေရိကန် ကွန်ဂရက် တိုက်တွန်း

၂၁ နိုဝင်ဘာ ၂၀၂၅

မြန်မာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်ပြည်သူတွေရဲ့ ချွေးနှဲစာတွေကို ပစ်မှတ်ထားလိမ်ယူနေတယ်လို့ ရီပတ်ဘလီကန်ပါတီရဲ့ အမတ်ယန်းကင်မ်ကအမေရိကန် ကွန်ဂရက်ကြားနာပွဲမှာပတ်ဘလီကန်ပါတီရဲ့ အမတ် ယန်းကင်မ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

မြန်မာပြည်ထဲက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အမေရိကန်အခွန်ထမ်းပြည်သူတွေဆီက ဒေါ်လာဘီလျံနဲ့ချီကို ပစ်မှတ်ထားလိမ်လည်နေတယ်လို့ဆိုပြီး ဒီငွေတွေဟာ နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းကွန်ရက်ကြီးကိုအကျိုးအမြတ်ရှိစေရုံသာမက စစ်အစိုးရကပါ ဒီအကျိုး အမြတ်တွေရနေတယ်လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာ အမေရိကန်အောက်လွှတ်တော်မှာလုပ်ခဲ့တဲ့ “ထွက်ပေါက်မရှိသော မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမရှိသော အကျပ် အတည်းနှင့် အမေရိကန်၏ ကန့်သတ်မှုရှိနေသည့် ရွေးချယ်စရာများ” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ ကော်မတီဥက္ကဋ္ဌတွေ ဆွေး နွေးပြောကြားခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ မြန်မာစစ်တပ်ဟာ နိုင်ငံတွင်း အကြမ်းဖက်တာတွေကိုကျူး လွန်ပြီး လူ့အခွင့်အရေးချိုး‌ဖောက်တာတွေကိုလည်း ပြုလုပ်နေတယ်လို့ အမတ် ယန်းကင်မ်ပြောဆိုပြီး အဲဒီကဖြစ်လာတဲ့ မတည်ငြိမ်မှုတွေဟာ ဒေသတွင်းသာမက အမေရိကန်ပြည်သူတွေရဲ့ လုံခြုံ‌ရေးအ ထိ သက်ရောက်ခြိမ်းခြောက်လာတယ်လို့

ကြားနာပွဲမှာ ထည့်ပြောသွားတာပါ။

ဒါ့အပြင် အဲဒီ ဆွေးနွေးပွဲအတွင်း မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို အတုအယောင်လို့ သုံးနှုန်းပြီး တရားမဝင်ရွေးကောက်ပွဲကနေ စစ်တပ်ဟာ တ ရားဝင်ဖို့ ကြိုးပမ်းနေတာလို့ ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ပါတီ နှစ်ခုလုံးက ကွန်ဂ ရက်အမတ်တွေက ပြောဆိုခဲကြပါတယ်။

တရုတ်အခန်းကဏ္ဍနဲ့ပတ်သက်လို့လည်း မြန်မာစစ်တပ်ကို တရုတ်ရဲ့လွှမ်းမိုးမှုကနေဆွဲထုတ်ဖို့ စစ်တပ်နဲ့ ထိတွေ့ဆက်ဆံသင့်တယ်ဆိုတဲ့ အယူအဆကိုတော့ကြားနာပွဲမှာ ပြတ်ပြတ်သားသားပယ်ချခဲ့ကြတယ်လို့ သိရပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့စစ် တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြီး အကျယ်ကြီးထွားလာတဲ့ ကျားဖြန့်လုပ် ငန်းတွေနဲ့အာဏာသိမ်းစစ်အုပ်စုရဲ့ ပတ် သက်မှု၊ ဒေါ်လာဘီလျံပေါင်းများစွာ တရားမဝင်ငွေကြေးစီးဆင်းမှုတွေအ ကြောင်း၊ မြန်မာပြည်အ​ခြေစိုက် ကျား

ဖြန့်လုပ်ငန်း​တွေ​ကြောင့် အ​မေရိကန်နိုင်ငံ သား​တွေ ​ဒေါ်လာဘီလျံနဲ့ချီဆုံးရှုံးနစ်နာ​နေကြတဲ့အ​ကြောင်း​တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး