Homeပြည်တွင်းသတင်းမြန်မာကလေးငယ် ၂၀၀ ကျော်စာသင်နေတဲ့ ဘုရားကျောင်းကို ထိုင်းရဲတွေဝင်ရောက်ဖမ်းဆီး

မြန်မာကလေးငယ် ၂၀၀ ကျော်စာသင်နေတဲ့ ဘုရားကျောင်းကို ထိုင်းရဲတွေဝင်ရောက်ဖမ်းဆီး

၃၀ ဇန်နဝါရီ၊ ၂၀၂၅

ဆူရတ်ဌာနီခရိုင် ကော့ဖငန် ရဲစခန်းက လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ရဲတွေဟာ ဇန်နဝါရီ ၂၉ ရက်က ခွင့်ပြုချက်မရှိဘဲ ကျောင်းအဖြစ် လည်ပတ်နေတဲ့ ကော့ဖငန်ခရိုင်အတွင်းက Koh Phangan အပြည်ပြည်ဆိုင်ရာ ဘုရားကျောင်းကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။ .

အထဲမှာ မြန်မာကျောင်းသူကျောင်းသား ၁၉၀ ကျော်ရှိပြီး မြန်မာဆရာ ၄ ယောက်နဲ့ စာသင်ကြားနေကြတာကို တွေ့ရပြီး မြန်မာကလေးငယ်တွေရဲ့ မိဘတွေဟာ ကော့ဖငန်က ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။ အလုပ်ချိန်အတွင်း သားသမီးတွေကို ပြုစုဖို့ အချိန်မရှိတဲ့အတွက် ဘုရားကျောင်းကို ပို့ဆောင်ထားတာလို့ သိရပါတယ်။ ကျောင်းသားတစ်ဦးကို တစ်လကျောင်းလစာ ဘတ် ၃၀၀က ၅၀၀ အထိ ကောက်ခံတယ်လို့ စုံစမ်းသိရှိရကြောင်း ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်

ဘုရားကျောင်းက ပါဝင်ပတ်သက်နေသူအကုန်လုံးကို “ခွင့်ပြုချက်မရှိဘဲ တရားဝင်ကျောင်း တည်ထောင်ခြင်း” နဲ့ “အလုပ်ပါမစ်မရှိသော နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခြင်း” တို့နဲ့ အမှုဖွင့်ထားပြီး အရေးယူထားတယ်လို့ သိရပါတယ်။ သက်သေအဖြစ် မြန်မာဖတ်စာအုပ် ၃၁ အုပ်ကို တာဝန်ရှိသူတွေက သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူအားလုံးကို ကော့ဖန်ဂန်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – Khaosod English

ဆက်စပ် သတင်းများ

Most read