Homeပြည်တွင်းသတင်းမြစ်ငယ်မြို့က အထက်ကျောင်း စာသင်ခန်းထဲကို ဓားနဲ့ဝင်ထိုးလို့ ကျောင်း သား ၃ဦး ဒဏ်ရာရ ၊ ၁ ဦးစိုးရိမ်ရတဲ့အခြေအနေမှာရှိနေ

မြစ်ငယ်မြို့က အထက်ကျောင်း စာသင်ခန်းထဲကို ဓားနဲ့ဝင်ထိုးလို့ ကျောင်း သား ၃ဦး ဒဏ်ရာရ ၊ ၁ ဦးစိုးရိမ်ရတဲ့အခြေအနေမှာရှိနေ

၂၃ အောက်တိုဘာ ၂၀၂၅

မန္တလေးမြို့ အမရပူရမြိုနယ် မြစ်ငယ်မြို့က အခြေခံပညာအထက်တန်းကျောင်းတခုမှာ စာသင်ခန်းထဲကို ဓားနဲ့ဝင်ရောက်ထိုးလို့ ကျောင်းသား ၃ ဦး ဒဏ်ရာရရှိပြီး ၁ ဦးစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။

စာသင်ခန်းအတွင်းကို ဓားနဲ့ဝင်ရောက်ထိုးသူဟာ ကျောင်းသားမဟုတ်ဘဲ အရပ်သား လူငယ်တယောက်ဖြစ်တယ်လို့သိရပြီး၊ လက်ရှိမှာ ထွက်ပြေးလွတ် မြောက်နေဆဲဖြစ်တယ်လို့ ကနဦး သိရပါတယ်။

ဓားထိုးခံရတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေဟာ Grade 11 ကျောင်းသားမောင်မျိုးမင်းထွန်းဆိုသူနဲ့ ကျောင်းသူတွေဖြစ်တဲ့ မစုမြတ်နိုးဦး နဲ့ မရွှေစင်ငြိမ်းတို့ဖြစ်တယ်လို့ သိရပါတယ်။

New Day Myanmar က လက်လှမ်းမီသလောက် စုံစမ်းကြည့်ရာမှာ ဖြစ်စဉ်ဟာ ကျောင်းဝန်းအတွင်း အအေးဗူးပေးမယ်ဆိုပြီး Grade 11 (B)ခန်းထဲကို ဝင်ရောက် လာပြီး ကျောင်းသူတဦးကို အရင်ဆုံးလည်ပင်းညှစ်ပြီး ဓားနဲ့ထိုးတာဖြစ်ပါတယ်။

အဲ့ဒီနောက် ဝင်ရောက်ဆွဲတဲ့ ကျောင်း သားတဦးနဲ့ ကျောင်းသူတဦးကိုပါ ဓားနဲ့ ထိုးတာကြောင့် ပြတ်ရှဒဏ်ရာတွေရခဲ့ကြတယ်လို့သိရပြီး ဒဏ်ရာရတဲ့ ကျောင်း သားတွေကို မြစ်ငယ် ဆေးရုံကတဆင် မန္တလေး ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ အခုလို ခိုက်ရန်ဖြစ်ပွားရာက ဓားနဲ့ပါထိုးတဲ့ဖြစ်စဉ်တွေဟာ စစ်ကော်မရှင်လက်ထက် မှာ ပိုအ ဖြစ်များလာတာတွေ့ရပါတယ်။

“ကလေးတွေက ဟိုကိစ္စ ဒီကိစ္စတွေ စိတ်ဝင်စားလာကြတယ်။ အဲ့ဒီကတဆင့် ရန်ဖြစ်၊ နောက်ပိုင်း ဓားတွေယူလာပြီးတောင်ထိုးကြတဲ့ အဆင့်အထိဖြစ်နေကြတာ။ အများစုဖြစ်တဲ့ပြဿနာကိုကြည့်လိုက်ရင် ရည်းစားပြဿနာက ပိုများတယ်။ နောက်ပြီး အုပ်စုဖွဲ့ပြီး သူအဖွဲ့ကိုယ့်အဖွဲ့ ခွဲနေတာတွေ ဖြစ်နေတယ်”လို့ ရန်ကုန်မြို့ အထက်ကျောင်းတကျောင်းက အမည်မဖော်လိုတဲ့ ဆရာတဦးက New Day Myanmar ပြောပါတယ်

စက်တင်ဘာလတုန်းကလည်း ရခိုင် ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ ကျောင်းသားအချင်း ချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ် ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့ရသလို ၂၀၂၄ ခုနှစ် နိုဝင်ဘာ တုန်းကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းဆို ရန်ဖြစ်ရာက‌နေ နှစ်ယောက် ဓားထိုးခံရတဲ့ဖြစ်စဉ်အပါ အခြားဖြစ်စဉ်တွေလည်း ရှိခဲ့ပါသေးတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး