Homeပြည်တွင်းသတင်းမြင်းခြံ ပျူစောထီး သီတာယုမွန်ရဲ့ ယောင်္ကျားဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းဆီးရမိ

မြင်းခြံ ပျူစောထီး သီတာယုမွန်ရဲ့ ယောင်္ကျားဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းဆီးရမိ

မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ယောင်္ကျားဖြစ်သူ စိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်တပ်ရင်း၃( တောင်သာ)က ဒီကနေ့ ဇန်နဝါရီ ၁၅ရက် မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စိန်လွင်ဆိုသူဟာ ပျူစောထီးအဖွဲ့ ဒုခေါင်းဖြစ်ပြီး ၊ ကိုယ်ပိုင်နံပါတ်-လပခ(ပသခ)ဖြစ်တယ်လို့ ဓာန်ပုံနဲ့တကွဖော်ပြထားပါတယ်။

သုကို မနေ့က ဇန်နဝါရီလ ၁၄ရက်မှာ မြင်းခြံ-ပုဂံညောင်ဦးလမ်းပိုင်းမှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြင်းခြံခရိုင် အမှတ် (၃)တပ်ရင်း(တောင်သာ)တပ်ခွဲ (၂)က ရဲဘော်တွေကဖမ်းမိခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၂၇ရက်ကလည်း မြင်းခြံမြို့အနီး သီတာယုမွန်ရဲ့နောက် လိုက်ပျူစောထီး အမျိုးသမီး ၃ ဦးကို ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်း တို့ဖမ်းဆီးနိုင်ခဲ့ပါ​သေးတယ်။

သီတာယုမွန်နဲ့ စိန်လွင်တို့ဟာ မြင်းခြံ၊ နွားထိုးကြီးနဲ့ တောင်သာမြို့နယ်တွေမှာ စစ် တပ်စစ်ကြောင်းနဲ့အတူ နယ်မြေရှင်းလင်းတာတွေ၊ အရပ်သားတွေကို PDF လို့ စွပ် စွဲသတ်ဖြတ်တာတွေနဲ့ ဒေသခံ နေအိမ်တွေကို စစ်တပ်အလိုကျ မီးရှို့တာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က သီတာယုမွန်ကို စွမ်းဆောင်ရည်ဂုဏ်ထူးဆောင်တံဆိပ် တွေ ပေးထားပါသေးတယ်။

ပုံစာ- မြင်းခြံပျူစောထီး ဒု​ခေါင်း​ဆောင်စိန်လွင်ကို မူးယစ်​ဆေး​ဝါးတွေနဲ့ဖမ်းဆီးရမိပုံ

ဓါတ်ပုံ-မြင်းခြံခရိုင်တပ်ရင်း၃( တောင်သာ)

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး