စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်ရာမှာ တော်လှန်ရေးဆိုတဲ့ အသုံးအနှုန်းထည့်သွင်းပြောဆိုခဲ့တဲ့ ပြည်သူပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဖမ်းဆီးပြီးနောက် ပုဒ်မ ၅၈(ဂ)နဲ့ အမှုဖွင့်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှာ ထောင်ဒဏ်တနှစ်ချမှတ်လိုက်တယ်လို့ သူနဲ့ နီးစပ်သူတွေ ထံကနေ သိရပါတယ်။
ဦးလွင်မြင့်ဟာ ပြည်သူ့ပါတီက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်းတစ်ဦးဖြစ်ပြီး၊ ဒီဇင်ဘာ ၁၇ ရက် မနက် ၉ နာရီမှာ စစ်ကောင်စီက နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် တလနီးပါးအကြာမှာပဲ စစ်တပ်လက်အောက်ခံ သင်္ဃန်းကျွန်းတရားရုံးကနေ အလုပ်နဲ့ ထောင်ဒဏ်တသက်ချမှတ်လိုက်တာဖြစ်ပါတယ်။
သူဖမ်းဆီးခံရတာဟာ စစ်လော်ဘီ နောင်တော်လေးအပါအဝင် ၆ ဦးက ရွေး ကောက်ပွဲကော်မရှင်ကို တိုင်ကြားတာကြောင့် အခုလိုဖမ်းဆီးစစ်ဆေးတာလို့ သိရပါတယ်။ ဦးလွင်မြင့်ဘက်လည်း နောင်တော်လေးကို လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူပေးဖို့ စာနယ်ဇင်းကောင် စီကို ပြန်လည်တိုင်ကြားထားတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် စစ်ကော်မရှင်က ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီက နှစ်ဖက်စလုံးကို ခေါ်ယူပြီး ညှိနှိုင်းခဲ့ရာ ပြေလည်သွားခဲ့ပြီးနောက် ဒီဇင်ဘာ ၇ ရက်မှာ သတင်းထောက်အမည်ခံစစ်တပ်လော်ဘီ နောင်တော်လေး အပါအဝင် ၆ ယောက်က ဦးလွင့်မြင်ကို UEC ကို ထပ်မံတိုင်ကြားခဲ့တာပါ။


