Homeပြည်တွင်းသတင်းမဲဆောက်မှာ မြန်မာအမျိုးသမီးကို ဓားနဲ့လည်လှီးပြီး တိမ်းရှောင်နေသူ အမျိုး သား ဖမ်းဆီးရမိပြီဖြစ်

မဲဆောက်မှာ မြန်မာအမျိုးသမီးကို ဓားနဲ့လည်လှီးပြီး တိမ်းရှောင်နေသူ အမျိုး သား ဖမ်းဆီးရမိပြီဖြစ်

၂၈ အောက်တိုဘာ ၂၀၂၅

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ခရိုင် ရုံးခန်းမဘေးမှာရှိတဲ့ အိမ်သာအ ဟောင်းတစ်ခုမှာ မြန်မာအမျိုးသမီးကို ဓားနဲ့ လည်လှီးပြီး တိမ်းရှောင်နေသူ အမျိုးသားတဦးကို ဖမ်းဆီးရမိပြီဖြစ်တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားပြီး (၁၄)နာရီအကြာယမန်နေ့ အောက်တိုဘာ ညသန်းခေါင်ယံအချိန်မှာ တာ့ခ်ဘုရားကြီး (King Tak) မြင်းစီးရုပ်တု အဝိုင်းကြီး စက်သုံးဆီဆိုင်တစ်ခုရဲ့ ATM စက်အနားမှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဖမ်းဆီးရမိတဲ့အမျိုးသားဟာ ဘယ်နိုင်ငံသား ဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးဘဲ ၊ ကျုးလွန်သူကို စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့က အောက်တိုဘာ ၂၇ နေ့လည် ၁၁ နာရီအချိန်မှာ မဲဆောက်ခရိုင်ရုံးခန်းမဘေးက အစည်းအဝေးရှိမှသာ ဖွင့်လှစ်တဲ့ အိမ်သာအဟောင်းတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အိမ်သာအတွင်း ကြမ်းပြင်ပေါ်မှာ သွေးစွန်းနေတဲ့အပြင် တိုက်ခိုက်ခံရသူဟာ အသက်၂၁နှစ်အ ရွယ် မြန်မာနိုင်ငံသူတဦးဖြစ်ကာ လည်ပင်းမှာ ရရှိတဲ့ ဒဏ်ရာက သွေးအလွန် အကျွံ ထွက်နေတာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီအမျိုးသမီးဟာ လတ်တလော မဲဆောက်ဆေးရုံမှာ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်ပြီး၊ လည်လှီးခံရတဲ့ ဒဏ်ရာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- AEC

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး