Homeပြည်တွင်းသတင်းမဲဆောက်မှာ မောင်းပြေးတဲ့ ကားကို ရဲတွေ ပစ်ခတ်ဖမ်းဆီးမှုမှာ မြန်မာ ၁ ဦးသေဆုံး

မဲဆောက်မှာ မောင်းပြေးတဲ့ ကားကို ရဲတွေ ပစ်ခတ်ဖမ်းဆီးမှုမှာ မြန်မာ ၁ ဦးသေဆုံး

၁၉ ဇန်နဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မယ်တောင် မီးပွိုင်နီးမှာ ကားတစီးကို ရဲတွေပစ်ခတ်ဖမ်းဆီးရာကနေ ကားနှစ်စီးတိုက်မိရာကနေ လမ်းပေါ်မှာ မောင်းလာတဲ့ ဆိုင်ကယ်တစီးပေါ်ကို ထပ်မံမိကျမိခဲ့ပါတယ်။

တရားမဝင် လူတင်လာတဲ့ ကားကို ရဲက ပစ်ခတ်ဖမ်းဆီးရာကနေ ကားနှစ်စီးဝင်တိုက်ခဲ့ပြီး အဲ့ဒီကားတစီးက မောင်းနှင်လာတဲ့ဆိုင်ကယ်ပေါ်ကို ပိမိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်ကြောင့် အမျိုးသမီးမြန်မာ ၁ ဦးသေဆုံးသွားခဲ့ပြီး ၂ ဦးဒဏ်ရာရတယ်လို့ မျက်မြင်သက်သေတဦးက New Day Myanmar ကို ပြောပါတယ်။

“ဒဏ်ရာရရှိခဲ့သူ ၃ ဦးထဲက အမျိုးသမီး ၁ ဦးသေဆုံးသွားပါပြီ။ အစ္စလာမ်ဘာသာဝင် မြန်မာအမျိုးသမီးပါ။ ဒဏ်ရာရရှိသူတွေကတော့ ဘယ်လူမျိုးလဲ အတိအကျမသိသေးပါဘူး”လို့ ဖြစ်စဉ်ကို မြင်တွေ့သူ တဦးက New Day Myanmar ကိုအတည်ပြုပြောဆိုပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး