၂၂ ဇန်နဝါရီ ၂၀၂၆
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးမြို့အနီး မာန်ဟဲရွာထိပ်ကို ဇန်နဝါရီ ၂၁ ရက် ည ၁၁ နာရီလောက်မှာ စစ်ကော်မရှင်တပ်က တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Indaw Revolution–IR က ပြောပါတယ်။
အဲဒီဗုံးကြဲမှုကြောင့် ပကဖတပ်သား ၅ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် နေအိမ် ၂ လုံး၊ အဆောက်အဦး ၁ လုံး ပျက်စီးခဲ့ပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း မော်လူးမြို့နယ် ပဲခူးရွာနဲ့ ရွာရှည်ကြားကို စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ G12 ကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


