မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်တံတားအနီးက ဆိပ်ခံဘောတံတားပေါ်မှာ အရက်သောက်ရင်း သံလွင်မြစ်အတွင်း ပြုတ်ကျခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းမှာပြန်လည်တွေ့ရှိခဲ့ပြီဖြစ်တယ်လို့ မော်လမြိုင်ဒေသခံတဦးက ပြောပါတယ်။
အဲဒီ ရုပ်အလောင်းကို မုဒုံမြို့ကတုံးပေါ်ကျေးရွာအနီးက မြစ်ကြောင်းတစ်ခုအ တွင်းမှာ ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပြီး မော်လမြိုင်ကို ပြန်သယ်ဆောင်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။
“ကြည့်ရတာ မြစ်ထဲပြုတ်ကျပြီး အောက်ရေစီးနဲ့ မျောသွားတာဖြစ်မယ်။ မုဒုံဘက်ဆိုတော့ တော်တော်ဝေးဝေးကိုမျောသွားတာ။ မြစ်ထဲအလောင်းတွေ့လို့ မုဒုံဘက်က ဖုန်းဆက်တော့ ဒီဘက်က လိုက်သွားပြီး ဆယ်ခဲ့တာ မော်လမြိုင်ဆေးရုံးကြီးမှာဘဲ ထားမယ်ထင်တယ်”လို့ သွားရောက်ဆယ်ယူတဲ့ ကယ်ဆယ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ရက် ဇူလိုင်၂၈ ရက် ည ၈နာရီအချိန်ခန့်မှာ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် ကမ်းနားလမ်း ဆိပ်ခံဘောတံတားတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တခုဖြစ်ပြီး၊ တရက်အကြာမှာ ရုပ်အ လောင်းကိုပြန်လည်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
ဓာတ်ပုံ-CJ


