Homeပြည်တွင်းသတင်းမော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်နေအိမ် ချိပ်ပိတ်ခံရ

၂၆ အောက်တိုဘာ၊၂၀၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်မှာရှိတဲ့ သံလွင်တိုင်းမ်သတင်းဌာန အယ်ဒီတာချုပ်ဦးကိုကိုဇော်ရဲ့ နေအိမ်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုထံကနေ သိရပါတယ်။

စစ်ကောင်စီက အယ်ဒီတာချုပ် ဦးကိုကိုဇော်ဟာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်မှာ နေအိမ်ကိုလာရောက်ချိပ်ပိတ်သွားလို့ သိရပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာ မော်လမြိုင်မြို့ရှိ သံလွင်တိုင်းမ် သတင်းဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် သတင်းဌာနအဖွဲ့ဝင်အားလုံး တိမ်းရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။

“သူတို့ကတော့ အညှိုးတကြီးနဲ့ လုပ်နေတာထင်ရှားပါတယ်၊ အစဉ်အဆက်ကို လုပ်နေကြတာဘဲ၊ ကျနော့် ရဲ့သာဓကကိုကြည့်ရင် သိသာပါတယ်၊ ပြောချင်တာက သတိရှိကြပါ၊ လျှော့မတွက်ကြပါနဲ့၊ အချိန်မရွေး ဒုက္ခပေးနိုင်တာကို သတိပြုစေချင်တယ်” လို့ အယ်ဒီတာချုပ် ဦးကိုကိုဇော်က New Day Myanmar ကိုပြောပါတယ်။

အဲဒီနောက် သံလွင်တိုင်းမ်သတင်းဌာနဟာ လွတ်မြောက်နယ်မြေ တစ်နေရာကနေ စစ်အုပ်စုရဲ့အ ကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မြန်မာတောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည် နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေကို နေ့စဉ်တင်ဆက်ပေးနေတာပါ။

မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်သတင်းဌာနဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မေလမှာ စတင်တည် ထောင်ခဲ့တဲ့ တိုင်းရင်းသားသတင်းဌာနတစ်ခုဖြစ်လည်း ဖြစ်ပါတယ်။

Photo CJ

ဆက်စပ် သတင်းများ

Most read