Homeပြည်တွင်းသတင်းမော်လမြိုင်မြို့မှာ စက်သုံးဆီ ကုမ္ပဏီတခုရဲ့ ဖြန့်ဖြူးရေးနည်းစနစ် အားနည်း‌ချက်ကြောင့် စက်သုံးဆီပြတ်လပ်ကာ အခက်ကြုံနေရတယ်လို့ ဆို

မော်လမြိုင်မြို့မှာ စက်သုံးဆီ ကုမ္ပဏီတခုရဲ့ ဖြန့်ဖြူးရေးနည်းစနစ် အားနည်း‌ချက်ကြောင့် စက်သုံးဆီပြတ်လပ်ကာ အခက်ကြုံနေရတယ်လို့ ဆို

၈ နိုဝင်ဘာ ၂၀၂၅

မော်လမြိုင်မြို့မှာ စက်သုံးဆီကုမ္ပဏီတခုရဲ့ ဖြန့်ဖြူးရေးနည်းစနစ်အားနည်း‌ ချက်ကြောင့် ခွဲတမ်းနဲ့ ဝယ်ယူနေရသလို လုံလောက်တဲ့ ရောင်းချပေးတာမျိုးမရှိလို့ အခက်ကြုံနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တဦးက New Day Myanmar ကိုပြောပါတယ်။

လတ်တလောအခြေအနေရ ဆိုင်တိုင်းမှာ စက်သုံးမျိုးစုံရရှိတာမျိုး မရှိတော့ဘဲ ဝယ်ယူလိုတဲ့ စက်သုံးဆီအမျိုးအစားပေါ်မူတည်ပြီး ရနိုင်တဲ့ဆိုင်တွေမှာ သွား ရောက်ဝယ်ယူနေရတယ်လို့ သူက ဆိုပါတယ်။

ဝယ်ယူရာမှာလည်း ကားတစီးကို ၅၀,၀၀ ၀ ကျပ်ဖိုးသာ ရောင်းချပေးနေပြီး ဆိုင်ကယ်တစီးကို ကျပ် ၃,၀၀၀ ကျပ်ဖိုးနဲ့ ၅,၀၀၀ကျပ်ဖိုးသာ ရောင်းချပေးပေနတယ်လို့ ဆိုပါတယ်။

“မော်လမြိုင်မှာ ရာဇာမင်းကုမ္မဏီလား အခြားကုမ္ပဏီလား ဆိုတာတော့မသိဘူး။ ရာဇာမင်းဆီတန့်တွေထားတဲ့နေရာကနေဖြန့်ဖြူးပေးနေတာ။ အခုက သူတို့နဲ့အဆင်ပြေတဲ့ဆိုင်တွေမှာ ဆီရပြီး၊ ကျန်ဆိုင်တွေမှာ ဆီက ပြတ်နေတာ။ အခုလည်း ရောင်းပေူတဲ့ဆိုင်ရှိတာတော့ စက်သုံးဆီအမျိုးအစားမစုံဘူး။ လိုက်တယ်နေရတယ်။”လို့ သူကရှင်းပြပါတယ်။

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ တန်ဆောင်တိုင်ကာလအတွင်းကစလို့ စက်သုံးဆီ ပြတ် လပ်တာမျိုး ဖြစ်ပေါ်နေပြီး၊ မုဒုံဆိပ်ကမ်းဘက်ကနေတစ်ဆင့် မွန်ပြည်နယ်တစ်ခုလုံးအတွက် စက်သုံးဆီဖြန့်ဖြူးနေတာဖ်ြတယ်လို့သိရပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး