မော်ဒယ်အေဂျင်စီပိုင်ရှင် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။
ဇွန်လ ၄ ရက်နေ့ ညပိုင်း ပြည်ပကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပြီးနောက် ဂျွန်လွင်ကို စစ်တပ်က ခေါ်ယူ စစ်ဆေးနေခြင်းဖြစ်ပြီး စစ်တပ်လော်ဘီတယ်လီဂရမ်ရဲ့ သတင်းဖော်ပြချက်အရ အဆိုတော်ချမ်းချမ်း ရောင်းချတဲ့ ကုန် ပစ္စည်းတွေကို ဝယ်ယူတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်ပေါ်မှာတော့ စစ်တပ်က ဂျွန်လွင်ကို ခေါ်ယူစစ်ဆေးမှုဟာ စစ်တပ်နဲ့ နီးစပ်တဲ့ ခိုင်နှင်းဝေကို ဂျွန်လွင်က လူမှုကွန်ရက်ပေါ်က တဆင့် ဝေဖန်ခဲ့မှုကြောင့် အဓိက ဖြစ်နိုင်တယ်လို့ ပြောဆိုနေကြပါတယ်။
မေလ ၂၆ ရက်နေ့ ဂျွန်လွင်က ခိုင်နှင်းဝေအနေဖြင့် မှားလွှဲလာသော အလှူငွေ ၂၉ သိန်းကို ချက်ချင်း ပြန်ပေးသင့်ကြောင့် ဝေဖန်ရေးသားခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ ရေဘေး၊ ငလျင်ဘေး စတဲ့ ကိစ္စတွေမှာ ခိုင်နှင်းဝေက ပြည်သူလူထုထံက အလှူငွေများကောက်ယူ ပြန်လည် လှူဒါန်းရာမှာ စစ်တပ်နဲ့ ပူးပေါင်းပြီးလှူဒါန်းတာ၊ စစ်တပ်ကတဆင့်လှူဒါန်းတာတွေနဲ့ စစ်တပ်ပေါ်လစီကားတွေမှာ တက်တက်ကြွကြွပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။