ကရင်နီပြည်၊ မော်ချီးဒေသကို ဩဂုတ် ၁၇ ရက်က စစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၃၂ ဦး အသက်ဆုံးရှုံး၊ ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီက အသိပေးထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာမှာ ပြည်သူတချို့ ပျောက်ဆုံးနေပြီး၊ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ် တပ်အနေနဲ့ မော်ချီးဒေသတ ခုတည်းကိုလေကြောင်းတိုက်ခိုက်တာဟာ ၁၁ကြိမ်ခန့်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကရင်နီပြည် ကြားကာလအုပ် ချုပ်ရေးကောင်စီဟာ တရားမဝင်အာ ဏာသိမ်း စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်ဖို့အတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေအတွက် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း တရားမဝင် အာဏာသိမ်းစစ်တပ်ရဲ့ ကြီးလေးတြဲ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ အလေးအနက်ထား တိုက် တွန်းသည်ဟု ဖော်ပြထားပါတယ်။


