Homeပြည်တွင်းသတင်းမောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်တော့မှာ ဖြစ်ကြောင်း AA ထုတ်ပြန်

မောင်တော နှင့် ကျိန္တလီ မြို့သိမ်းတိုက်ပွဲတွေ အောင်မြင်တော့မှာ ဖြစ်ကြောင်း AA ထုတ်ပြန်

၂၅ ဩဂုတ်၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေထဲက မောင်တော နှင့် ကျိန္တလီ တို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး အောင်မြင်မှု ရရှိတော့မယ်လို့ အာရက္ခတပ်တော် AA က ဩဂုတ်လ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲဟာ နှစ်ပတ်နီးပါး ကြာမြင့်ပြီဖြစ်ပြီး မောင်တောမြို့အတွင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်၊ စစ်ကောင်စီသင်တန်းပေးထားတဲ့ အကြမ်းဖက် မူဆလင်လက်နက်ကိုင်တွေ၊ ARSA၊ RSO၊ ARA တပ်ဖွဲ့တွေဟာ မြို့ပေါ်က ထွက်ပြေးတာ ၊ လက်နက်ချ အညံ့ခံတာတွေ ဆက်တိုက် လုပ်နေတဲ့ အတွက် မောင်တောမြို့ဟာ AA ထိန်းချုပ်မှုအောက် ရောက်ကာနီးပြီဖြစ်တယ်လို့ AA က ဆိုပါတယ်။

မောင်တောမြို့နှင့် ကျိန္တလီမြို့ကို စစ်ကောင်စီဟာ ကြည်း၊ရေ၊လေ သုံးခုလုံးသုံးပြီး အပြင်းအထန် ခုခံ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်သိမ်းပိုက်နိုင်ဖို့ နီးစပ်နေပြီလို့ AA က ကြေညာပါတယ်။

သံတွဲမြို့နဲ့ ကပ်နေတဲ့ ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်း စတဲ့ နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန် နေတယ်လို့ ဆိုပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ မြို့မဲရစခန်းက ရဲ ၈ ဦး လက်နက်ချအလင်းဝင်ခဲ့သလို စစ်ကောင်စီ တပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တယ်လို့ AA က သတင်း ထုတ်ပြန်ပါတယ်။
လက်နက် ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ AA ထုတ်ပြန်ချက်မှာ ပါဝင်ပါ တယ်။

Photo- AA InfoDesk

ပုံစာ – (AA က ထုတ်ပြန်တဲ့ အလင်းဝင်လာသူများ၊ စစ်သုံ့ပန်းများနဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းမျာ)

ဆက်စပ် သတင်းများ

Most read