Homeပြည်တွင်းသတင်းမောင်တော နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

မောင်တော နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

၁၉ ဒီဇင်ဘာ၊၂၀၂၄

ရခိုင်ပြည်နယ် မောင်တောမြို့ နခခ (၅) မှ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ် ပြန် ထားပါတယ်။

မောင်တောမြို မှာ တစ်ခုတည်းကျန်ရှိနေခဲ့တဲ့ နခခ (၅) စခန်းကို အာရက္ခတပ်တော်မှ ဒီဇင်ဘာလ ၈ ရက်နေ့မှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပေမယ့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲခွဲ (နခခ-၅) မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေတဲ့ အခြားသောတပ်မမှူးတစ်ဦးဖြစ်တဲ့ အမှတ် (၂၂) ခြေမြန် တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း အသေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မမှူး ဗိုအောင်နေမျိုးရဲ့ အလောင်းကို ဒီဇင်ဘာလ (၁၇) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်မှာ မောင်တောမြိုနယ်၊ ရွှေဇားကပ္ပကောင်းချောင်းနား ပုစွန်ကန် တဲထဲမှာ အခေါက်ရွှေတုံးအချို၊ ရွှေထည် အချိုအပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

တပ်မမှူး ဗိုအောင်နေမျိုးမှာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်နဲ့ ခေတ်အဆက်ဆက် ပူးပေါင်းလာ ခဲ့ကြတဲ့ ဒေသခံမူဆလင်တွေရဲ့ အကူအညီ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမယ့် အာရက္ခတပ်တော် လုံခြုံရေးတပ်ဖွဲဝင်တွေနဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ အချိန်ပြည့် ဝိုင်းရံပိတ်ဆို ရှာဖွေမှုများအောက်မှာ လွတ်မြောက်အောင်ကြိုးစားရင်း ၎င်းတို့ ထောင်ထားတဲ့ မိုင်းကိုနင်း ပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘူးသီးတောင်မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း နဲ့ အဖွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ မောင်တော၊ ရွှေတောင်ကျေးရွာ အနောက်ဘက်မှာ ရက္ခိုင့် တပ်တော် AA က အရှင် လက်ရဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါတယ်။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read