Homeပြည်တွင်းသတင်းမူးယစ်ဆေးဝါး သယ်ဆောင်ခဲ့တဲ့ ယင်းမာပင်ခရိုင် တော်လှန်ရေး ရဲ‌ဘော် ၃ ဦးနဲ့ ထွက်ပြေးနေတဲ့ ရဲဘော်၂ဦးကို ဖမ်းဆီး ပြီးထိရောက်တဲ့ ပြစ်ဒဏ်ပေးမယ်လို့...

မူးယစ်ဆေးဝါး သယ်ဆောင်ခဲ့တဲ့ ယင်းမာပင်ခရိုင် တော်လှန်ရေး ရဲ‌ဘော် ၃ ဦးနဲ့ ထွက်ပြေးနေတဲ့ ရဲဘော်၂ဦးကို ဖမ်းဆီး ပြီးထိရောက်တဲ့ ပြစ်ဒဏ်ပေးမယ်လို့ တပ်ရင်းကြေညာ

၁၀ ဇူလိုင် ၂၀၂၅

စိတ်ကြွဆေးပြား ၃ သန်းခန့်နဲ့ ဘိန်းဖြူ ကီလို ၁၀၀ ကျော်ကို သယ်ဆောင်လာတဲ့ ယင်းမာပင်ခရိုင်ကတော်လှန်ရေးရဲဘော် ၃ ဦးနဲ့ ထွက်ပြေးနေတဲ့ ရဲဘော်၂ဦးကို ဖမ်းဆီးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ပေး အပ်သွားမယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်အသိပေးထားပါတယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ရဲဘော်တွေကို တပ်ရင်းက ကား ၂ စီးနဲ့ ဖောက်ခွဲရေးယမ်းတွေ သယ် ယူဖို့ထောက်ခံစာ‌ပေးအပ်ခဲ့တာမှန်ကန်ပေမယ့် မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြတာဟာရဲဘော်တွေရဲ့ပုဂ္ဂလိကလုပ် ရပ်သာဖြစ်ပြီး အဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိဘူးလို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးရေးလုပ် ငန်းစဉ်တွေကို စတင်ဆောင်ရွက်နေပြီး၊ ထွက်ပြေးလွတ်မြောက်နေတဲ့‌ရဲဘော် ကိုဇော်လတ်အမည်ရင်း (ဝင်းမော်)၊ကိုပုတီး အမည်ရင်း (ကျော်မင်းဇော်)တို့ကိုလည်း လိုက်လံဖမ်းဆီးကာ ထိရောက်တဲ့ ပြစ်ဒဏ်တွေပေးသွားမယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်အတွက် ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းအနေနဲ့လည်း အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန (MOD)က ပေးအပ်မယ့် စစ်ဆေးမှုတွေကိုလည်းကျေနပ်စွာခံယူသွားမယ်လို့ဆိုပါတယ်။

ဒါအပြင် အဖွဲ့အစည်းနာမည် အသုံးချကာကျူးလွန်တဲ့ဒုစရိုက်မှုတွေကို မိခင်အဖွဲ့အစည်းအနေနဲ့ လက်မခံကြောင်းနဲ့ နောက်နောင် ယခုပုံစံ ဖြစ်ရပ်တွေထပ်မံ မဖြစ်ပွားအောင် ကြပ်မတ် လုပ်ဆောင်သွားမယ်လို့လည်း ဆိုထားပါတယ်။

ဇူလိုင် ၈ ရက်နေ့မှာ ဖလမ်းမြို့နယ်၊ ဗားရ်တံတားကို ယာဉ်အမှတ် Hilux 9K– 1693 ကားနဲ့ 1J – 6011 Forland ကားတွေနဲ့ ဖြတ်သန်းစဉ် CDF – Hakha Central Council တပ်ဖွဲ့ဝင်တွေကတားဆီ စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဘဲဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး