၁၁ နိုဝင်ဘာ၊၂၀၂၄
ကျောက်မဲမြို့နယ်အတွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူ (၃၂၀) ဦးကို PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ (မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာန)မှ အကျင့်စာရိတ္တ ပြုပြင်ရေး ကျောင်းဖွင့်ပြီး ပြုပြင်ပေးနေတယ်လို့ သိရပါတယ်။
ကျောက်မဲမြိုနယ်အတွင်း စစ်ကောင်စီတပ်ထိန်းချုပ်စဥ်က ၎င်းတို့ရဲ့ ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူအများအပြားရှိခဲ့ပြီး ကျောက်မဲမြိုအပါအဝင် တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင် သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ နယ်မြေအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူများအားလုံးကို လိုက်လံဖမ်းဆီးခဲ့ကာ (၃၂၀)ဦးအထိ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းကိုပိုဆောင်ကာ ၎င်းတို့ကို ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးခဲ့ပြီး ယစ်ဆေးဝါးရောင်းဝယ်သူတွေကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲအနေနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးဟူ သည့် လုပ်ငန်းစဥ်(၅)ရပ်ဖြင့် ဆောင်ရွက်နေသည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
Photo – PSLF/TNLA