၂၇ ဇွန် ၊၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ကွတ်ခိုင်တည်းခိုခန်းလမ်းအနီးက အမှိုက်ပုံတစ်ခုမှာ လက်ကိုသံကြိုး တုပ်သတ်ဖြတ်ခံရထားတဲ့ရတဲ့ အမျိုးသားရုပ်အလောင်းတစ်ခု အဝတ်နှင့်ထုပ်ကာ အမှိုက်ပုံမှာ လာရောက် စွန့်ပစ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ ရုပ်အလောင်းကို ဇွန်လ ၂၆ရက်က မူဆယ်မြို့ ကွတ်ခိုင်တည်းခိုခန်းလမ်းအနီးရှိ အမှိုက်ပုံနေရာမှာ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က လာရောက်သယ်ဆောင်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဆက်လက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း အသက် ၂၀ခန့်အမျိုးသမီးတစ်ဦး နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးသွားပြီးလိုက်ရှာစဉ် ဇန်နဝါရီ ၁၁ ရက်တွင် မူဆယ်မြို့ Win စီးကရက် စက်ရုံအနောက်ဘက်မှာ ရုပ်အလောင်း တွေ့ရှိခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ-Crd


