၃ ဒီဇင်ဘာ၊၂၀၂၄
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ နိုဝင်ဘာလတစ်လအတွင်း ပိုင်ရှင်မဲ့ရုပ်အလောင်း (၁၀)လောင်းအထိတွေ့ရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
အဆိုပါ ရုပ်အလောင်းတွေကို မူဆယ်မြိုအတွင်းရှိ ရပ်ကွက်တွေအတွင်းက အများဆုံးတွေ့ ရှိခဲ့တာဖြစ် ကြောင်းနဲ့ ရုပ်အလောင်းတစ်လောင်းသာ တရုတ်-မြန်မာနယ်စပ်ရွှေလီမြစ်ထဲတွင် တွေ့ရှိခဲ့တာဖြစ် တယ်လို့လည်း ဆိုပါတယ်။
အဆိုပါရုပ်အလောင်းအများစုမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေဖြစ်သလို တစ်ချို့ရုပ်အလောင်းတွေမှာ သတ်ဖြတ်ထားခံရမှုကြောင်း ဖြစ်တယ်လို့လည်းဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မှုဆယ်မြို့အတွင်းမှာ ပိုင်ရှင်မဲ့ရုပ်အလောင်း (၇) လောင်းတွေ့ရှိခဲ့ကြောင်းနဲ့ မူဆယ်မြို့မှာ စစ်ကောင်စီထိန်းချုပ်နေတဲ့ မြိုတစ်မြိုဖြစ်ပြီး လောင်းကစား၊ မူးယစ်သုံးစွဲမှု၊ ဓားပြတိုက်မှု၊ ခိုးမှုနဲ့ လုယက်မှုတွေ ယခင်ထက် ပိုမိုများပြားလာတယ်လို့လည်း သိရပါတယ်။
Photo – PSLF/TNLA