Homeပြည်တွင်းသတင်းမူဆယ်နဲ့ သီပေါမှာ မြေမြုပ်မိုင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၂ဦးသေဆုံး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိ

မူဆယ်နဲ့ သီပေါမှာ မြေမြုပ်မိုင်းကြောင့် တစ်ပတ်အတွင်း အရပ်သား ၂ဦးသေဆုံး ၂ ဦး ပြင်းထန်ဒဏ်ရာရရှိ

၃၀ ဇန်နဝါရီ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြာက်ပိုင်း မူဆယ်နဲ့သီပေါမြို့နယ်တွေအတွင်း ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြေမြုပ်မိုင်းကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ က မူဆယ်မြိုနယ် နမ့်ဟွယ်ကျေးရွာနေ အမျိုးသားတစ်ဦး ကြံခင်းသွားနေစဥ် စစ်ကောင်စီလက်ကျန် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ပြတ်ထွက်ပြီး ခန္ဓာကိုယ်ပေါ်နှင့် လက်နှစ် ဖက်စလုံးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရသိရပါတယ်။

ဆက်လက်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်နေ့တွင် သီပေါမြို့နေ အမျိုးသား (၂) ဦး ခလရ (၂၃)တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ လက်ကျန်မြေမြုပ်မိုင်းတစ်လုံးကို သွားရောက်ဖြုတ်ယူခဲ့ရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။

ထိုမိုင်းပေါက်ကွဲမှုကြောင့် အသက် (၃၀)နှစ်အရွယ် ကျော်ဇေယျဦး နဲ့ အသက် (၃၂) နှစ်အရွယ် ဖိုးသားဆိုသူတို သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေ ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ သီပေါမြို နယ် တရားဥပဒေစိုးမိုးရေးတပ်ဖွဲမှ သီပေါဆေးရုံသို ပိုဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ရက် သီပေါမြိုနယ် မန်ကောင်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦး ယခင်စစ်ကောင်စီတပ် (၅၀၄)စခန်းအနီးမှာ မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ ဇနဝါရီလ ၁ရက်နေ့ တွင်လည်း မူဆယ်မြိုနယ် ပန်လုံကျေးရွာနေသူအမျိုးသားတစ်ဦး ကျေးရွာအနီးရှိ တောတစ်နေရာမှာ ထင်းသွားခွေရာမှ မိုင်းနင်းမိခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။

Photo- PSLF/TNLA

ဆက်စပ် သတင်းများ

Most read