၆ မတ်၊ ၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ချောင်းဦးမြို့နယ်၊ငါးယှန်ကျေး ရွာအနီး မုံရွာ-မန္တလေးမှာ မတ်လ ၄ ရက်ညနေ ၃ နာရီက တိုက်ပွဲဖြစ်နေချိန် ဖြတ်မောင်းလာတဲ့ ခရီးသည်တင် Expressတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားသူတွေကတော့ ၃ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူ အသက် ၂၇ နှစ်အရွယ်အမျိုးသမီးနဲ့ အသက် ၅၀ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ကြပြီး ၃နှစ်အရွယ်ကလေးငယ်က ဆေးရုံပို့ဆောင်ချိန်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကတော့ အသက် ၄၀ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။
ခရီးသည်တွေ သေဆုံး/ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုနှင့်ပတ်သက်ပြီး ဘယ်အဖွဲ့က ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။
ပုံစာ – သေဆုံးသူ သားအမိ နှစ်ဦးနဲ့ ပစ်ခတ်တိုက်ခိုက်ခံထားရတဲ့ ကားကိုတွေ့ရစဉ်
Photo – CJ