စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းက စစ်မှုထမ်းနဲ့ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၃ ဦး မုံရွာပကဖထံ အလင်းဝင်ရောက်လာတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံက သိရပါတယ်။
ဇူလိုင် ၁၃ ရက်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာနမခအတွင်းမှ စစ်ကောင်စီတပ်သား ၃ဦးဟာ လက်နက်မပါပဲ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ်(၂) ပကဖ တိုက်ရေးအဖွဲ့နဲ့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။
ထွက်ပြေးလာသူတွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုမရှိတာကြောင့် သူတို့ ဖြစ်စေချေင်တဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆိုပါတယ်။
ဇူလိုင်လ ၃ ရက်ကလည်း မုံရွာနမခ အနီးအနားက ကျေးရွာအခြေပြု ကင်းစစ်ကြောင်းကနေ စစ်ကောင်စီတပ်သား ၄ ဦး ထွက်ပြေးအလင်းဝင်ရောက်လာခဲ့ပါသေးတယ်။


