Homeပြည်တွင်းသတင်းမုံရွာမြို့နယ်၊ ချောင်းဦးမြို့နဲ့အနီးတဝိုက်ကို ဗုံးသီး အလုံး ၅၀ ဝန်းကျင် ကြဲချ

မုံရွာမြို့နယ်၊ ချောင်းဦးမြို့နဲ့အနီးတဝိုက်ကို ဗုံးသီး အလုံး ၅၀ ဝန်းကျင် ကြဲချ

၁၃ ဖေဖော်ဝါရီ၊ ၂၀၂၅

ဖေဖော်ဝါရီ ၁၃ ရက်၊ ဒီနေ့မနက် ၅ နာရီ ဝန်းကျင်မှာ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နဲ့ အနီးတဝိုက်က ရွာ ၃ ရွာထက်မနည်းကို စစ်ကောင်စီက လေကြောင်းက ဗုံးသီး အလုံး ၅၀ ဝန်းကျင် ကြဲချပြီး သေဆုံးမှုများပြားနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တံတားဦးလေဆိပ်က တက်လာတဲ့ Y 12 လေယာဉ်က ၅း၀၂ ကနေ ၅း၄၈ အတွင်း ၉ ကြိမ်တိုင်တိုင်လာရောက်ပြီး ဗုံးသီး ၄၈လုံး ကြဲချခဲ့တယ်လို့ မုံရွာဒေသခံတွေက ဆိုပါတယ်။

“ချောင်းဦးတနယ်လုံး အကုန်ပတ်ကြဲသွားတာ၊ ကြဲတာက ရွာ ၆ ရွာလောက် ထိမယ်ထင်တာပဲ၊ သေသူ ဒဏ်ရာရသူတွေကတော့ စာရင်းကောက်ယူတုန်း ၊ လောလောဆယ်တော့ ဆယ်ယောက်လောက် သေကြတယ် ကြားတယ်၊ အခုလည်း စစ်ကြောင်းထိုးနေတယ်၊ လူ ၅၀လောက်နဲ့ ၊ ဒီကလူတွေက ပြေးတာတော့ အကုန်ပြေးကုန်ကြပြီ”လို့ ဒေသခံသတင်းရင်းမြစ်က New Day Myanmar ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်က မုံရွာ နမခကနေ တောပုရွာဘက်ကို ဖောကား ၄စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ နှစ်စီးက ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ည ၁၁ နာရီခွဲဝန်းကျင်ကလည်း မုံရွာမြို့အနီး တောင်နယ်ဘက်ကို ဗုံးအလုံး ၃၀ နီးပါး ကြဲချသွားခဲ့ပြီး ထိခိုက်ပျက်စီးမှုအရေအတွက်စာရင်း မသိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ပုံစာ – ဖေဖော်ဝါရီ ၁၁ က ကြဲချခဲ့တဲ့ ဗုံးသီးအပိုင်းအစ

ဓာတ်ပုံ – CJ

ဆက်စပ် သတင်းများ

Most read