Homeပြည်တွင်းသတင်းမုဒုံမှာ ခရီးသည်တင် Express ကား နေအိမ်တလုံးကို ဝင်တိုက်

မုဒုံမှာ ခရီးသည်တင် Express ကား နေအိမ်တလုံးကို ဝင်တိုက်

၂၂ စက်တင်ဘာ ၂၀၂၅

မွန်ပြည်နယ် မော်လမြိုင်-မုဒုံလမ်းမကြီးပေါ်မှာ ခရီးသည်တင် Express တစီးဘရိတ်ပေါက်ပြီး သာယာကုန်း တိုးဂိတ်ကို ဝင်တိုက်မှာစိုးရိမ်တာကြောင့် ဘေးဆွဲချရာကနေ နေအိမ်တလုံးကိုဝင်တိုက်မိတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ မနေ့က စက်တင်ဘာ ၂၁ ရက် ည ၇ နာရီခွဲအချိန်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ပြီး၊ ယာဉ်မောင်းဖြစ်သူဟာ ကားနဲ့ညှပ်မိနေရာကနေ ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ကယ်ထုတ်ခဲ့ရတယ်လို့ မြေ ပြင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ လူမှုကူညီကယ် ဆယ်အဖွဲ့ဆီက နေသိရပါတယ်။

” သူကမော်လမြိုင်ရေးထားဝယ် ပြေးဆွဲတဲ့ကားပါ။ ကားမှာက ခရီသည်မပါဘူး။ယာဉ်မောင်းနဲ့ စပယ်ယာ မော်လမြိုင်ဂိတ်မှာထိုးဖို့လာတဲ့အချိန် ဘရိတ်ပေါက်ပြီးဖြစ်သွားတာ။ ယာဉ်မောင်းကတော့ ခြေ ထောက်မှာထိခိုက်ဒဏ်ရာရသွားပါတယ် “လို့ ဆိုပါတယ်။

အဲဒီကားဟာ ဘရိတ်ပေါက်ရာကနေ ရပ်တန့်ဖို့အတွက် လမ်းလယ်ကျွန်းတွေကို တိုက်ပြီး ရပ်အောင်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးဘေးကိုဆွဲချရာကနေ နေအိမ်တလုံးထဲကို ဝင်တိုက်မိတာဖြစ်ပြီး၊ အဲဒီနေအိမ်မှာနေထိုင်သူတွေ ထိခိုက်တာမျိုးမရှိခဲ့ဘဲ နေအိမ်ရှေ့ပိုင်းပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

“တိုးဂိတ်ကိူသူဝင်တိုက်ရင် လျှော်ကြေးကပိုကြီးနိုင်တာကြောင့် လမ်းဘေးဆွဲချတော့ ဘေးက နေအိမ်ထဲဝင်တိုးမိတာပေါ့”လို့ ယာဉ်မောင်းရဲ့ဆုံးဖြတ်ချက်ကို သိခဲ့ရတဲ့ ကယ်ဆယ်အဖွဲ့ဝင်တဦးက New Day Myanmar ကိုပြောပါတယ်။

ယာဉ်မောင်းဖြစ်သူကို အရေးပေါ် အောက်စီဂျင်ပေးကာ ကားထဲကနေဆွဲ ထုတ်ခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မော်လမြိုင် Rescue

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး