Homeပြည်တွင်းသတင်းမိုးမိတ် မှာ တအာင်းတပ်မတော် -TNLA နဲ့ ရှမ်းပြည်တိုးတက်‌ရေးပါတီ -SSPP/SSAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

မိုးမိတ် မှာ တအာင်းတပ်မတော် -TNLA နဲ့ ရှမ်းပြည်တိုးတက်‌ရေးပါတီ -SSPP/SSAတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

၂၄ ဇွန် ၊၂၀၂၅

တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးမိတ်မြိုနယ်၊ မိုးဟောက်ကျေးရွာအုပ်စုအတွင်း တအာင်းတပ်မတော်-TNLA စစ် ကြောင်းထွက်ကင်းလှည့်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့က ခြုံခိုပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲသည် ဇွန်လ၂၃ ရက် နံနက် (၁၀း၁၄) နာရီအချိန်တွင် တစ်ကြိမ်၊ နံနက် (၁၁း၃၆)နာရီအချိန်တွင် တစ်ကြိမ် လက်နက်ငယ်ဖြင့် တအာင်းတပ်မတော် -TNLAတပ်ဖွဲကို ခြုံခိုပစ် ခတ်ခဲ့တာလို့ ဆိုထားပါတယ်။

ဆက်လက်ပြီး တအာင်းတပ်မတော်-TNLA စစ်ကြောင်းတည်ရှိရာကိုလည်း မွန်းလွဲပိုင်း (၁၂း၀၃)နာရီအချိန်တွင် တစ်ကြိမ်၊ ည (၈း၁၅)နာရီအချိန်တွင် တစ်ကြိမ် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါ တယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSAတပ်ဖွဲ့ အနေနဲ့ ဟူးဆွန်တောင်စခန်းကိုလည်း တအာင်းတပ်မတော် -TNLA၏ တပ်သားလှစ်ဟာနေချိန် အခွင့်ကောင်း ယူပြီး နေရာဝင်ယူခဲ့သောကြောင့် ပြီးခဲ့တဲ့ ဇွန်လ (၁၅)ရက် နေ့က တအာင်းတပ်မတော်-TNLAတပ်ဖွဲမှ စခန်းသို့ တက်လာစဉ် SSPP/SSAတပ်ဖွဲက လက်နက်ဖြင့် တစ်ဖက် သတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မိမိတိုတပ်ဖွဲ့ဝင် (၂)ဦး ဆုံးရှုးသွားခဲ့ ရပြီး(၃)ဦးထိ ခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လည်းသိရပါတယ်။

ဓာ တ်ပုံ – PSLF/TNLA

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး