မိုးဗြဲမြို့က နေရာအများစုကို မနေ့က ဇူလိုင် ၂ ရက် ညပိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မိုးဗြဲမြို့ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်တွေက ၈ လကြာ ထိုးစစ်ဆင်ပြီးတဲ့နောက်မှာ မနေ့က ဇူလိုင် ၂ ရက်နေ့ ညပိုင်းက ပြန်လည် ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အပြီးသတ်ရသေးတယ်ဆိုတာမျိုးတော့မဟုတ်သေးဘူး။ တိုက်နေကြတုန်းဘဲ။ တစ်ဖက်နဲ့တဖက်ကတော့ အရမ်းကပ်နေတယ်။”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ထားနိုင်တယ် သိရပေမယ့်
ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဘက် တစ်စုံတရာ သတင်းထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကိုအင်အား ၁၀၀၀ ကျော်နဲ့ လေကြောင်းအပြင် လက်နက်ကြီးပစ်ကူပေးကာ ကုန်းကြောင်းကနေ အင်အား ထောင်ချီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုးဗြဲမြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေး အင်အားစုတွေက မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့် မြို့နဲ့ တစ်မိုင်ခန့်သာ ကွာဝေးတဲ့ ခမရ ၄၄၂ တပ် ကျန်ရှိခဲ့တာကြောင့် အဲဒီ တပ်ရင်းကနေ တစ်ဆင့် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ခဲ့ဖြစ်တယ်ခို့ ဒေသတွင်း သတင်းတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဓာတ်ပုံ-KNDF (ပုံအဟောင်း)


