၇ ဇူလိုင် ၂၀၂၅
ကရင်နီတော်လှန်ရေး ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်သိမ်းယူထားတဲ့ ရှမ်း−ကယားနယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်လာပါတယ်။
မိုးဗြဲမြို့ကို ၆ လအကြာ ထိုးစစ်ဆင်ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၊ ရက်အလိုက် ၎င်းတို့ သိမ်းပိုက်ထားတဲ့အခြေ အနေတွေကို စစ်ကောင်စီ ဝါဒဖြန့ သတင်းစာကနေ အသိပေးဖော်ပြလာတာဖြစ်ပါတယ်။ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်လိုက်တာ မှန်ကန်တယ်လို့လည်း ဒေသခံတဦးက New Day Myanmar ကို P3-1109 Phoenix Battal
ဇူလိုင် ၅ ရက်နေ့မှာ မိုးဗြဲမြို့ရဲ့ တောင်ဘက်အစွန်မှာရှိတဲ့ မွေတော်ဘုရားရှိရာ မြို့မရပ်ကွက်နဲ့ ဇူလိုင်လ ၆ ရက်နေ့မှာ အရှေ့ဘက် အစွန်ဆုံးရပ်ကွက်ဖြစ်တဲ့ ညောင်ဝိုင်းရပ်ကွက်တို့ကို သိမ်းယူနိုင်ခဲ့ပြီး၊ ကရင်နီတော်လှန်ရေးပူပေါင်းအဖွဲ့တွေအပြင် Free Burma Ranger ဆေးကုသရေးအဖွဲ့တွေကိုပါ ချေမှုန်းသုတ်သင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ သာလွန်အင်အားတွေနဲ့ ထိုးစစ်ဆင်လာတဲ့ အဲ့ဒီတိုက်ပွဲမှာ တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ တော်လှန်ရေးတပ်ဖွဲ့က အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနဲ့ Video File တွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိုးဗြဲမြို့နဲ့ လွိုင်ကော်မြို့တို့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်ကကျန်ရှိနေတဲ့ ၄ ဒဿမ ၅ ကီလိုမီတာအကွာအဝေးကို အပြီးတိုင် ဆက်လက်ရှင်းလင်းပြီးရင် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေးလမ်း မကြီးမှာ မကြာမီအချိန် ပြန်လည်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လည်းဆိုပါတယ်။
စစ်ကောင်စီက ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေသိမ်းပိုက်ရရှိထားတဲ့ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ လွိုင်ကော်မြို့ကို ပြီးခဲ့တဲ့ နှစ် မေလ ၁၅ ရက် နဲ့ ဇူလိုင် ၁၆ ရက်တို့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ မိုးဗြဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့တွေအနေနဲ့ မိုးဗြဲမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ပြန်ထားတာ မတွေ့ရှိရသေးပါဘူး။
ဓာတ်ပုံ-P3-1109 Phoenix Battalion


