Homeပြည်တွင်းသတင်းမိုးကုတ် ဆေးရုံကြီးအနီး စစ်တပ်ဗုံးကျဲလို့ ပြည်သူ ၃ ဦးသေဆုံး

မိုးကုတ် ဆေးရုံကြီးအနီး စစ်တပ်ဗုံးကျဲလို့ ပြည်သူ ၃ ဦးသေဆုံး

၁၇ ဩဂုတ် ၂၀၂၅

မိုးကုတ်မြို့ ဆေးရုံကြီးအနောက်ဖက်ကို စစ်တပ်က ဗုံးကျဲချတိုက်ခိုက်ခဲ့တာ​ကြောင့် ကလေးငယ် တဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်လောက်က မိုးကုတ်မြို့ရဲ့ ဆေးရုံကြီးအနီးနဲ့ ဗျူဟာကုန်း စစ်တန်းကုန်းအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံး ၁ လုံးစီကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဗုံးကျရောက်ခဲ့တဲ့ နေရာဟာ လူစီကားရာနေရာဖြစ်တယ်လို့ လည်း မိုးကုတ်မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက် ည ၈ နာရီခွဲ အချိန်ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းတ၀ိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၁ လုံး လာရောက်ကြဲချခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝန်းကျင်က မီးဖွားနေတဲ့ အိမ်တလုံးအပါအဝင် နေအိမ် ၁၅ လုံးကို ထိခိုက်ခဲ့ပြီး အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၅ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၂ ဦး၊ အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး