မိုးကုတ်မြို့ကို ဒီကနေ့ ဇူလိုင် (၂၉)ရက်နံနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ (၄)ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ စစ်ကောင်စီဟာ မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ် ကွက်နဲ့ BOC ကားကြီးကွင်းအနီးတွေမှာပေါင် (၅၀၀)ဗုံး (၃)လုံး၊ ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း နေအိမ်(၁၈)လုံးမှာလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့သေးတယ်လို့ အသိပေးထားပါတယ်။
“မိုးကသည်းကြီးမဲကြီးရွာတာ ဘာသံမှမကြားရဘူး ကြဲတဲ့အသံပဲကြားရတာ၊အ ခြေအနေကဆက်တိုက်ကြဲနေတော့ ကိုယ်တွေလဲကြောက်လန့်ပြီးနေနေရတာပဲ၊ဒီနေ့ကတော့ တစ်နာရီအတွင်းကို ၃ ကြိမ် တခါကြဲရင် ၂ လုံး ၃ လုံးဆိုတော့”လို့ ဒေသခံတစ်ဦးက ရေးသားမျှဝေထားတာ တွေ့ရပါတယ်။
စစ်ကောင်စီဟာ မိုးကုတ်မြို့ကို ဇူလိုင်လ ၈ ရက်နေ့မှာ (၁)ကြိမ်၊ ဇူလိုင် ၉ရက်နေ့မှာ(၁)ကြိမ်၊ ဇူလိုင် ၁၁ရက်နေ့မှာ(၁) ကြိမ် ၊ ဇူလိုင် ၂၆ရက်နေ့မှာ(၁)ကြိမ် လေ ကြောင်းကနေ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ် (၂)ဦးနဲ့ အမျိုး သား (၄)ဦး သေဆုံးခဲ့ပြီး ဒေသခံ (၂၅)ဦး ထိ ခိုက်ဒဏ်ရာရရှိခဲကာနေအိမ်(၂၄)အိမ်လည်း ထိမှန်ပျက်စီးသွားခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒေသတွင်းပြည်သူတွေအနေနဲ့ စစ်ကောင် စီရဲ့တိုက်ခိုက်တာတွေရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေ ကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဖို နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ-CJ


