Homeပြည်တွင်းသတင်းမိုးကုတ်မြို့ကို စစ်ကောင်စီ Y-12 လေယာဥ်နဲ့ ဗုံး (၂၀)လုံးခန့် ကြဲချတိုက်ခိုက်

မိုးကုတ်မြို့ကို စစ်ကောင်စီ Y-12 လေယာဥ်နဲ့ ဗုံး (၂၀)လုံးခန့် ကြဲချတိုက်ခိုက်

၉ ဇန်နဝါရီ၊၂၀၂၅

မိုးကုတ်မြိုအရှေ့ပိုင်းရပ်ကွက်တွေအတွင်းကို စစ်ကောင်စီကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ဂေါက်ကွင်း နဲ့ မစိုးရိမ်ကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၈ ရက် မွန်းလွဲပိုင်း (၁၂:၅၀)နာရီမှ (၁း၁၀)နာရအချိန်ထိ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဂေါက်ကွင်းတွင် ဗုံး (၁၄)လုံး နဲ့ မစိုးရိမ်ကျောင်းတိုက်တွင် ဗုံး (၅)လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် (၅)လုံး၊ ဘုန်းကြီးကျောင်း နဲ့ မော်တော်ယာဥ်(၁)စီး ထိခိုက်ပျက်စီး သွားခဲ့ကြောင်းနဲ့ ဒေသခံပြည်သူလူထု ထိခိုက်သေဆုံးမှုတစ်စုံတရာမသိရသေးဘူးလို့လည်း TNLA ထုတ်ပြန်မှုအရ သိရပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ မိုးကုတ်မြိုအနောက်ပိုင်းရှိ ကျောက်ဆင်၊ ဘော်မားရပ်ကွက် တွေအတွင်းကိုလည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက် ည (၉း၀၀)နာရီအချိန်ခန့်ကလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြိုနယ် ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့လည်း သိရပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read