မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့ တပ် ဖွဲ့နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေကို မိုးကုတ်ဗျူဟာက ပြန်လည်ခေါ်ယူနေပြီဖြစ်ပါတယ်။
ရဲဘောတွေ ပြန်လည်ခေါ်ယူတာကို ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကအသိ ပေးထုတ်ပြန်လာတာဖြစ်ပြီး၊ အကြောင်းအမျိုးမျိူးကြောင့် မိုးကုတ်ဗျူဟာနဲ့ ခေတ္တခဏ ကင်းကွာနေခဲ့တဲ့အပေါ်နားလည်စာနာတယ်လို့ဆိုပါတယ်။
မိုးကုတ်ဗျူဟာဟာ အမျိုးသားညီ ညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ တရားဝင်တပ်ဖွဲ့ ဖြစ်တဲ့အတွက် သက်ဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေ လိုက်နာရန်လိုအပ်တယ်လို့ ဆိုပါတယ်။
ရဲဘော်တွေအနေနဲ့ အခုထုတ်ပြန်သည့်နေ့ကစပြီး တစ်ပတ်အတွင်း ပြန်လည်တာ ဝန်ထမ်းမယ့်အကြောင်းကို သတင်းပို့ရမှာဖြစ်သလို ခရီးလွန်နေတဲ့ရဲဘော်တွေအနေနဲ့ လူကိုယ်တိုင်လာရောက်ချိတ် ဆက်နိုင်မယ့် ရက်သတ်မှတ်ပြီး၊ သတ် မှတ်ရက်(တစ်ပတ်)အတွင်း သတင်းပို့ ချိတ်ဆက်ရမယ်လို့ ဆိုထားပါတယ်။
ထို့နောက် စည်းမျဥ်းစည်းကမ်းတွေအတိုင်း စိစစ်ဆုံးဖြတ်ပြီး သက်ညှာထောက်ထားမူဝါဒနဲ့အညီ ပြန်လည်ဝင်ရောက်လာတဲ့ရဲဘော်ရဲ့ နောင်တနဲ့ ဆန္ဒပြင်းပြတဲ့အပေါ် အလေးထားစဥ်းစားပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတ်မှတ်ရက်ကျော်လွန်တဲ့အထိ ဆက်သွယ် ချိတ်ဆက်လာတာမရှိတဲ့ ရဲဘော်တွေကို တရားဝင်တပ်ပြေးအဖြစ်ကြေ ငြာတာခံရမယ့်အပြင် MOD က ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာတပ်ပြေးမူ ဥပ ဒေအရ ပြစ်ဒဏ်ခံယူရမယ်လို့ ဆိုထားပါတယ်။


