Homeပြည်တွင်းသတင်းမိုးကုတ်မြိုနယ်မှာ စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူ

မိုးကုတ်မြိုနယ်မှာ စစ်ဆင်ရေးအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးကို PSLF/TNLA ဖမ်းဆီးအရေးယူ

၁၃ သြဂုတ်၊၂၀၂၄

မိုးကုတ်မြိုနယ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အဖြစ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLAနဲ့ တော်လှန်ရေးတပ်ဖွဲတို စစ်ဆင်ရေးပြုလုပ်နေစဥ် မြိုနယ်အတွင်း မူးယစ်ဆေးဝါး ရောင်း/ ဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA တရားဥပဒေ စိုးမိုးရေးတပ်ဖွဲက ဖမ်းဆီးအရေး ယူနိုင်ခဲ့တယ်လို့ ထုန်ပြန်ပါတယ်။

ထိုပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် တရားမဝင် ကျောက် တူးဖော်သူများ၊ စစ်ဆင်ရေးပြုလုပ်နေစဥ် မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ သွားလာလှုပ်ရှားမှုအခြေ အနေတွေကို စစ်ကောင်စီထံ သတင်းပေးနေသူများ၊ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ် တွေကို ဖောက် ထွင်းခိုးယူနေသူများ၊ လူသတ်မှုကျုးလွန်သူများ၊ တရားမဝင် ချဲရောင်းဝယ်သူတွေနဲ့ ရပ်ရွာအတွင်း မူးယစ်ရမ်း ကားသူတွေလည်းပါဝင်တယ်လို့ ဆိုပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အနေနဲ့ မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်စေရေးနဲ့ မိဘပြည်သူလူထုတွေ အေးချမ်းစွာနေထိုင်စေရေး၊ မြိုနယ်အေးချမ်းသာယာစေရေးအတွက် ခိုးဆိုးလုယက် မရှိစေရေးအပြင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်အနေနဲ့ လုပ်ဆောင် နေတယ်လို့လည်း သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီတပ်တွေကို ဇွန်လ(၂၅)ရက်နေ့မှာ PSLF/ TNLA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ(၂၄)ရက်နေ့မှာ စစ်ကောင်စီတပ်တွေကို ရှင်းလင်းနိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo- PSLF/ TNLA
ပုံစာ(ဆေးဝါးရောင်းဝယ်/သုံးစွဲသူများအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား PSLF/TNLA ဖမ်းဆီးအရေးယူထားပုံ)

ဆက်စပ် သတင်းများ

Most read