မိုးကုတ်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က စစ်တပ်က လေကြောင်းကိုအသုံးပြုပြီး ပေါင် (၂၅၀) နှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတိပြန်မှုအရ သိရပါတယ်။
မိုးကုတ်မြိုအ နောက်ပိုင်း၊ သစ်စိမ့်ကုန်း နဲ့ ကျောက်ပုတ်ကျေးရွာကြားကို ဧပြီလ (၃ဝ)ရက် ည (၈း၃ဝ)နာရီ အချိန် လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း နောင်ချိုမြိုနယ်အတွင်းကို လေကြောင်းနဲ့ အဆိပ်ငွေ့ဗုံး (၁၁)လုံး၊ (120 MM)လက်နက်ကြီး (၂၆)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ PSLF/TNLA အုပ်ချုပ်တဲ့ မြိုနယ်တွေကို စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီးဗုံးကြဲချတာတွေ လုပ် ဆောင်လျှက်ရှိတယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်းနဲ့ လေကြောင်းရန် ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့လည်း သတိပေးထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA