“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA ထိန်းချုပ်ဒေသ၊ မိုင်းပေါက်ခရိုင်၊ မိုင်းပေါက်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့က သက်ငယ်မုဒိန်းမှုကျုးလွန်ခဲ့သူ နှစ်ဦးကို လူသိရှင်ကြား ကြေငြာခဲ့ပြီး သေဒဏ်တရားစီရင်ချက် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မိန်းကလေးငယ်တွေကို မုဒိမ်းကျင့်မှုမှာ တရားခံ Yan Xi ဟာ တရားဥပဒေနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အဓိကအချက်ကို လျစ် လျူရှုပြီး အသက်မပြည့်သေးတဲ့ ကလေးငယ် နှစ်ဦးကို လှည့် စား ကာ အဓမ္မပြုကျင့်ခဲ့တာတာဖြစ်ပြီး ပြစ်မှုကျူးလွန်သူရဲ့ လုပ်ရပ်ဟာ သေဆုံးသူ ကိုယ်ရေးကိုယ်တာ နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ပြင်းထန်စွာ ထိခိုက်စေပြီး ဆိုးရွားတဲ့ လူမှုရေးဆိုင်ရာ သက်ရောက်မှုကို ဖြစ်စေခဲ့တာကြောင့် သေဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နောက်ထပ်တရားခံတစ်ဦးဖြစ်တဲ့ Li Yanbao ဟာ သေဆုံးသွားတဲ့ နစ်နာသူကို မူးယစ်ဆေးဝါး သုံးစွဲဖို့ ဆေးအနည်းငယ် တောင်းဆိုရာကနေ မပေးတဲ့အပြင် ၎င်းအနေဲ့ တစ်စုံတစ်ရာ တုန့်ပြန်တာ မရှိခဲ့တာကြောင့် ရည်ရွယ်ချက်ရှိရှိ လူသတ်မှု
ကျူးလွန်ခဲ့တယ်လို့ လည်း သိရပါတယ်။
အဲ့ဒီတရားစီရင်မှုမှာ တရားလိုရှေ့နေက ပြစ်မှုကျူးလွန်သူ နှစ်ဦးကို တရားစွဲတင်ခဲ့ပြီး အမှုနှစ်ခုရဲ့ စီရင်ချက်တွေကို တရားရုံးက ဖတ်ကြားခဲ့ပြီးနောက် သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အခုလို တရားစီရင်တဲ့ အခမ်းအနား ကျင်းပရတဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ရာဇ၀တ်သားတွေကို ပြင်းထန်စွာ အပြစ်ပေးရုံသာမက “ဥပဒေကို ဖောက်ဖျက်၍ မရနိုင်သလို မကောင်းမှုကိုလည်း အပြစ်ပေးရမည်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့အညီ ဒီလုပ်ဆောင်ချက်တွေဟာ ပြည်သူနဲ့ လူ့အဖွဲ့အစည်းတွေဆီ ရောက်ရှိသွားဖို့ ရည်ရွယ်တယ်လို့လည်း UWSA က အသိပေးထားပါတယ်။
ဓာတ်ပုံ – UWSA