Homeပြည်တွင်းသတင်းမိုင်းငေါ့မြို့ကို စစ်ကော်မရှင်လေတပ် ဗုံးကြဲတိုက်ခိုက် ၂ဦးသေ ၂ဦး ဒဏ်ရာရ

မိုင်းငေါ့မြို့ကို စစ်ကော်မရှင်လေတပ် ဗုံးကြဲတိုက်ခိုက် ၂ဦးသေ ၂ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၀၂၅

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသ မိုင်းငေါ့မြို့ကို စစ်ကော်မရှင်လေတပ်က ဒီကနေ့ အောက်တိ ဘာ ၈ ရက် မနက် ၁၁ နာရီအချိန်မှာ

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ

ကြောင့် ၂ ဦးသေ ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင် တိုက်ခိုက်ခဲ့တဲ့‌ေနရာ‌ေတွဟာ မိုင်းငေါ့မြို့ မန်လုံရပ်ကွက် ရဲစ ခန်းရှေ့ကို ပေါင်၂၅၀ ဗုံး ၂ လုံး၊ စျေးရပ်ကွက်ထဲကို ရော့ကဒ်ဗုံး ၂လုံး၊ တာလုံရပ်ကွက်ထဲကို ရော့ကဒ်ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ PSLF/TNLAက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း အသက် ၅၀နှစ်အရွယ် ဒေါ်လှရီ၊ အသက် ၅၆ နှစ်အရွယ် ဦးရွှေဟုန်း ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၈နှစ်အရွယ် မထွေးထွေးအောင်နဲ့ အ သက် ၅၀နှစ်အရွယ် ဦးတင်မောင်အေးတို့ကို ထိမှန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဒေသခံနေအိမ် ၈ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ အခုရက်ပိုင်းအတွင်း တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို လေကြောင်းကနေ နေ့စဉ်နဲ့အမျှ ဗုံးကြံချတိုက်ခိုက်နေသလို တော် လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့စစ်ကိုင်း တိုင်းနဲ့ ‌မကွေးတိုင်းတွေဘက်ကိုလည်း

ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဘဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက် သီတင်းကျွတ်လပြည့်နေ့မှာလည်း စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ ၊ နမ္မတူမြို့နယ်တွေကိုလည်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါ လူ၂၀ထက်မနည်း သေဆုံးခဲ့ရပါသေးတယ်။

ဓာတ်ပုံ- CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး