မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ စစ်ကောင်စီလက်အောက်ခံ မလှိုင်မြို့နယ်စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးဝေဖြိုးနဲ့ စကားများ ခဲ့တဲ့ မိတ္ထီလာ ပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းကို မိတ္ထီလာထောင်ကို ပို့လိုက် တယ်လို့ သိရပါတယ်။
ဇော်ယုထွန်းကို မီတ္ထီလာမြို့နယ်တရားရုံးက မေ ၂၇ ရက်နေ့က နဦး ပုဒ်မ၅၀၅ (က)၊ ပုဒ်မ ၆၆ (ဃ) နဲ့ ရုံးထုတ်ခဲ့ ပြီး နောက် မိတ္ထီလာအကျဥ်းထောင်ကို ပို့လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် အငြိမ်းစားတပ်ကြပ်ကြီး ဇော်ယုထွန်းမှာ မတ် ၂၉ ရက်က မိတ္ထီလာမြို့အဝင်ဂိတ်မှာ မလှိုင်မြို့နယ် စီမံအဖွဲ့ဝင် ၁ ဗိုလ်မှူးဝေဖြိုးနဲ့ ကားမှန်တံခါး မချတဲ့ကိစ္စ စကားများပြီးနောက် မိတ္ထီလာတပ်နယ် ခမရ ၁၁၃ က စစ်မှုထမ်းကိစ္စနဲ့ ငွေကျပ်သိန်း ၇၀ ယူတဲ့ကိစ္စပါ လူမှုကွန်ရက်မှာ တင်လိုက်မှုကြောင့် ဖမ်းဆီးခံ ခဲ့ရတာဖြစ်တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
ဇော်ယုထွန်း မှာ နင်းရဲ့မှုကွန်ရက်တွင် ”အထက်အရာရှိတွေ ကိုယ်တိုင်က ငွေကြေးကောက်ခံနေတဲ့အတွက် “စစ်မှုထမ်းကိစ္စ ငွေကောက်တာ တရားဝင်လား” လို့ မေ ၁၃ ရက်က တင်ပြီးနောက် မေ ၁၅ ရက်တွင် မိတ္ထီလာမြို့ ရှိ ၎င်းနေအိမ်တွင်ဖမ်းဆီးခံခဲ့ရပြီး ၎င်းဖမ်းဆီးခံရပြီးနောက် သူရဲ့လက်အောက်မှာရှိနေတဲ့ အဖွဲ့ဝင် ၁၇ ယောက်လည်း နုတ်ထွက်တော့မယ့်အကြောင်း လူမှုကွန်ရက်မှာ ကြေညာခဲ့ပါတယ်။
ဓာတ်ပုံ – Cj