Homeပြည်တွင်းသတင်းမိတ္ထီလာမြို့နယ်ရှိ စစ်ရေးဆိုင်ရာ ပစ်မှတ် (၇) ခုကို Drone ဖြင့် တိုက်ခိုက် စစ်ကောင်စီရဲ့ Y-12 နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့...

မိတ္ထီလာမြို့နယ်ရှိ စစ်ရေးဆိုင်ရာ ပစ်မှတ် (၇) ခုကို Drone ဖြင့် တိုက်ခိုက် စစ်ကောင်စီရဲ့ Y-12 နှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ NUG ထုတ်ပြန်

၁၈ နိုဝင်ဘာလ၊၂၀၂၄

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရေးဆိုင်ရာ ပစ်မှတ် (၇) ခုကို Drone နဲ့ တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာမှုအရ သိရပါတယ်။

မိတ္ထီလာမြို့နယ်အတွင်းအခြေပြုထားတဲ့ အမှတ် (၁၀) တပ်မတော် အကြီးစားစက်ရုံရှိ အရာရှိရိပ် သာ၊ လေ ကြောင်း အတတ်သင် လေတပ်စခန်းရှိ အရာရှိအိမ်ရာများ၊ ခဲယမ်းသိုလှောင်ရုံ၊ လေယာဥ်ပြင် ဆင်ထုတ် လုပ် ရေး ဌာနချုပ်ရှိ အရာရှိရိပ်သာများ၊ ရေဒါစခန်းနဲ့ အမှတ် (၉၉) ခြေမြန် တပ်မဌာနချုပ်အပါအဝင် စစ်ရေး ဆိုင်ရာ ပစ်မှတ် (၇)ခုကို မှတ်ပုံတင် တိုက်ခိုက်တဲ့ ၁၁၁၁ ရွှေလင်းယုန် Drone အထူးစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ နိုဝင် ဘာလ (၁၁) ရက်နေ့၊ နံနက် (၄:၃၀) နာရီ ခန့်မှာ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

Drone အထူးစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကူညီ ထောက်ပံ့မှု၊ ရှားထူးဝေါ် နည်းပညာအဖွဲ့ရဲ့ နည်းပညာနဲ့စီမံချက်များ ကူညီမှုနဲ့ မိတ္တီလာ(ပကဖ)၊ မိတ္တီလာ(ပကဖ) Drone အဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မိတ္ထီလာခရိုင် တပ်ရင်း (၃)၊ ၁၈၂၅ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံ ခရိုင် တပ်ရင်း (၈)နဲ့ အခြားသောအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့လည်းဆိုပါတယ်။

စစ်ဆင်ရေးအတွင်း ဗိုလ်မှူး (၂) ဦးအပါအဝင် ရန်သူ့တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးခဲ့ပြီး Y-12 နှစ်စီး ထိခိုက် ပျက်စီး၊ လေယာဥ်အပိုပစ္စည်းထား အလုပ်ရုံတစ်ခု မီးလောင်ပျက်စီး၊ စစ်ဖက်ဆိုင်ရာသုံး စက်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာက အသိပေးထုတ်ပြန်ထားပါတယ်။

ပုံစာ – မိတ္ထီလာမြို့နယ်အတွင်း NUG လက်အောက်ခံ PDF တပ်ဖွဲ့များ Drone စစ်ဆင်ရေးဆောင်ရွက်နေမှု

Photo – NUG (MOD)

ဆက်စပ် သတင်းများ

Most read