Homeပြည်တွင်းသတင်းမိခင်ဖြစ်သူနဲ့ ညီမဖြစ်သူကို လွပ်လပ်စွာနေထိုင်ခွင့်ပေးဖို့ ဂျူလီယာဆက် တောင်းဆို

မိခင်ဖြစ်သူနဲ့ ညီမဖြစ်သူကို လွပ်လပ်စွာနေထိုင်ခွင့်ပေးဖို့ ဂျူလီယာဆက် တောင်းဆို

၂၂ စက်တင်ဘာ ၂၀၂၅

မိုးကုတ်မြို့က နာမည်ကြီး သူဌေးယောဆက်ရဲ့ ၁၄ နှစ်ကျော်အိမ်တွင်းအကြမ်း ဖက်မှုအတွက် မိခင်ဖြစ်သူနဲ့ ညီမဖြစ်သူကို လွပ်လပ်စွာနေထိုင်ခွင့်ပေးဖို့ သမီးဖြစ်သူ ဂျူလီယာဆက် က မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့ပါတယ်။

ဂျုလီယာဆက်ဟာ မီဒီယာအချို့နဲ့ တွေ့ ဆုံစဉ်မှာ ဖခင် ဦးယောဆက်နဲ့ မိခင်တို့ရဲ့အကြောင်းပါပုံကအစ နောက်ဆုံး ဖခင်ရဲ့စွပ်စွဲရိုက်နှက်ခဲ့တာတွေ၊ ရဲစခန်းကမှာအမှုဖွင့်ပြီး အချုပ်ထဲထည့်ခိုင်းခဲ့တာတွေအဆုံး မီဒီယာရှေ့မှာ ထုတ်ဖော်ပြောထားတဲ့ ဗီဒီယိုဖိုင်ကို သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ ပြန်လည်မျှဝေခဲ့တာဖြစ်ပါတယ်။

“အခုဂျူလီယာဘာမှဆက်မလုပ်တတ်တော့ဘူး။ ညီမလေးကိုလည်း စိတ်ပူတယ်လို့ အမြန်ဆုံးလွပ်လပ်ခွင့်ပေးစေချင်တယ်” လို့ ရင်ဖွင့်ထားပါတယ်။

လီဆူအမျိုးသား ဦးယောဆက်ဟာ ကျောက်မျက်ရတနာသူဌေးတဦးဖြစ်ပြီးရန်ကုန် ဗဟန်းမြို့နယ်နဲ့ မိုးကုတ်မြို့မှာရှိတဲ့ ရွှေလိပ်ပြာဟိုတယ် ပိုင်ရှင်ဖြစ်သလို သူဟာ ယခင် ဦးသန်းရွှေ (နဝတ) လက် ထက်မှာ ကျောက်လုပ်ငန်းနဲ့ချမ်းသာလာသူဖြစ်ကာ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း(MEEA)ရဲ့ ဥက္ကဌ တာ ဝန်ယူဖူးသူလည်းဖြစ်ပါတယ်။

လတ်တလော ဦးယောဆက်ဟာ အသက် ၆၈ နှစ်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- Julia Sett

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး