Homeအထူးသတင်းမာဒါဂတ်စကာမှာ ဆန္ဒပြ Gen Z တွေဘက်က စစ်တပ်ရပ်တည်အပြီးမှာ နိုင်ငံတွင်းကနေ သမ္မတ ထွက်ပြေး

မာဒါဂတ်စကာမှာ ဆန္ဒပြ Gen Z တွေဘက်က စစ်တပ်ရပ်တည်အပြီးမှာ နိုင်ငံတွင်းကနေ သမ္မတ ထွက်ပြေး

၁၄ အောက်တိုဘာ ၂၀၂၅

အာဖရိကကျွန်းနိုင်ငံတခုဖြစ်တဲ့ မာဒါဂတ်စကာနိုင်ငံမှာ ဆန္ဒပြ Gen Z တွေဘက်ကစစ်တပ်ရပ်တည်အပြီးမှာ နိုင်ငံအ တွင်းကနေ သမ္မတဖြစ်သူ အန်ဒေရ ရာဂျိုလီနာဟာ ထွက်ပြေးသွားရပြီဖြစ်တယ်လို့ ရိုက်တာသတင်းတရပ်မှာ နိုင်ငံ ခြားသံတမန်တွေကို ကိုးကားပြီးဖော်ပြထားပါတယ်။

သမ္မတ ရာဂျိုလီနာဟာ စစ်သားတွေ သူ့ဘက်က မရပ်တည်တော့ဘဲ ဆန္ဒပြသူတွေနဲ့ ပူးပေါင်းသွားတဲ့ အောက်တိုဘာ ၁၂ ရက်နေ့က တည်းက နိုင်ငံတွင်းက ထွက်ပြေးသွားတာလို့ လွှတ်တော်တွင်း အတိုက်အခံအင်အားစုကို ဦးဆောင်တဲ့ ဆစ်တ်နေ ရန်ဒရီယာနာဆိုလိုနီယာအိုင်ကို‌ က အတည်ပြုထားတယ်လို့ သိရပါတယ်။

အတိုက်အခံခေါင်းဆောင်က သမ္မတရုံးအဖွဲ့ကို ဖုန်းဆက်သွယ်မေးမြန်းရာမှာ သမ္မတအနေနဲ့ နိုင်ငံတွင်းကနေ ထွက်ခွာသွားပြီလို့ အတည်ပြုခဲ့ပေမဲ့ သမ္မတရုံးကတော့ မှတ်ချက် မပေးသေးလို့သတင်းမှာဖော်ပြထားတာပါ။

အခုလို အစိုးရတရပ်ပြုတ်ကျတဲ့ဖြစ်စဉ်အား မာဒါဂတ်စကာနိုင်ငံဟာ ဒုတိယမြောက်နိုင်ငံဖြစ်ပြီး စက်တင်ဘာလ အ တွင်းကလည်း နီပေါအစိုးရ ပြုတ်ကျခဲ့ပါသေးတယ်။

ဒီဆန္ဒပြပွဲတွေဟာ စက်တင်ဘာ ၂၅ ရက် ကတည်းက နိုင်ငံအတွင်း ရေနဲ့ လျှပ်စစ် မီးပြတ်တောက်မှုတွေကို အခြေခံပြီး စတင်ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်မှု ညံ့ဖျင်းတာနဲ့ အခြေခံဝန်ဆောင်မှုတွေ မရှိတာလိုမျိုး ပိုကျယ်ပြန့်တဲ့ မကျေနပ်မှုတွေအပေါ် အုံကြွမှုအဖြစ် အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အဆိုအရ ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၂၂ ယောက် သေဆုံးခဲ့တယ်လို့ဆိုထားပြီး လူဦးရေ သန်း ၃၀ လောက်နေထိုင်တဲ့ မာဒါဂတ်စကာနိုင်ငံဟာ နိုင်ငံ့လူဦးရေရဲ့ လေးပုံသုံးပုံက ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာ နေထိုင်နေကြရတာဘဲဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် ၂၀ အောက် ဖြစ်တာကြောင့် Gen Z လူငယ်တွေရဲ့ မကျေနပ်မှုတွေဟာ အထူးကြီးမားနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး