ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ၇ လမ်းက စက်သုံးဆီဆိုင်မှာ မီး လောင်မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းအချိန်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးလောင်မှုကြောင့် ကျား ၁ ဦး သေဆုံးပြီး ကျား ၄ ဦး(စိုးရိမ်ရ)နဲ့ မ ၁ ဦး (မစိုးရိမ်ရ) တို့ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မီးလောင်ချိန်တနာရီနီးပါး ကြာခဲ့ပြီး မီးလောင်ရာနေရာကို မအူပင်မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၅)စီး နဲ့မီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီးဒဏ်ရာရသူတွေကို ဗောတိလူမှုကူညီရေးအသင်းနဲ့အလင်္ကာလူမှုကူညီရေးအသင်းတို့က လူနာတင်ယာဉ် ၂ စီးနဲ့ မအူပင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


