Homeပြည်တွင်းသတင်းမဝတ်ရည်အောင် ကျဆုံးခြင်းအတွက် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီနဲ့ သမဂ္ဂအသီးသီးဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်

မဝတ်ရည်အောင် ကျဆုံးခြင်းအတွက် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီနဲ့ သမဂ္ဂအသီးသီးဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်

၂၂ ဇူလိုင် ၂၀၂၅

မဝတ်ရည်အောင် ကျဆုံးခြင်းအတွက် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီအပြင် တက္ကသိုလ်ကျောင်း သားဟောင်းများ အင်အားစု၊ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့က ဒီကနေ့ ဇူလိုင် ၂၂ ရက်မှာ ဝမ်းနည်ကြောင်း သဝဏ်လွှာများထုတ်ပြန်ခဲ့ကြပါတယ်။

တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီရဲ့ သဝဏ်လွှာမှာ တိုင်းပြည်ရဲ့အဖိုးတန်လူငယ်တွေ ထပ်မဆုံးရှုံးစေဖို့ တစ်ခုတည်းသောနည်းလမ်းဟာ စစ်အာဏာရှင်စနစ်နဲ့မတရားမှုကို အမြန်ဆုံးအမြစ်ပြတ်ရေးအတွက် တော်လှန်ရေးဦးဆောင်ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ရိုးသားမှန်ကန်တဲ့ဦးဆောင်မှုနဲ့ ထိရောက်အောင်ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လွတ်လပ်မျှတပြီး လူ့ဂုဏ် သိက္ခာအပြည့်အဝတည်ဆောင်ထားတဲ့လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတစ်ခုပေါ်ထွန်းရေး အတွက် တက္ကသိုလ်ဆရာသမဂ္ဂများ ကိုယ်စားပြုကော်မတီက ကျရာအခန်းကဏ္ဍကနေ အစွမ်းကုန်ကြိုးစားဆောင် ရွက်သွားမယ်လို့ ဆိုပါတယ်။

ထို့အတူ တက္ကသိုလ်ကျောင်းသားဟောင်းများ အင်အားစုအနေနဲ့လည်း ယခုဖြစ်စဥ်အတွင်း ကျူးလွန်သူ (သို့မဟုတ်) ပါဝင်ပတ်သက်သူတွေအားလုံးကို နောင်တချိန် အသွင်ကူး ပြောင်းရေးဆိုင်ရာတရားမျှတမှုလုပ်ငန်းစဥ်အောက်မှာ ပြည်သူ့တရား ရုံးရှေ့ မှောက် ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေဖို့အတွက်အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

မဝတ်ရည်အောင် ကျဆုံးရတဲ့အတွက် မိမိတို့အနေနဲ့မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ပေးဆပ်သူ အာဇာနည်အ ပေါင်းမျှော်ရည်ရာ နိုင်ငံတော်သစ်ရောက်သည်အထိ မဆုတ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကလည်း “သေရင်မြေကြီး ‌ရှင်ရင်ရွှေထီးပဲ ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့ငါတို့မျိုးဆက် ရွှေထီးဆောင်းစေရမယ်”လို့ ဂုဏ်ပြုကြွေးကြော်ထားပါတယ်။

ဓာတ်ပုံ-ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး