Homeနိုင်ငံတကာသတင်းမလေးရှား ခရီးသည်တင်လေယာဉ် ဒုံးကျည်နဲ့ပစ်ချခံရမှု ရုရှားမှာ တာဝန်ရှိတယ်လို့ ကုလဆုံးဖြတ်

မလေးရှား ခရီးသည်တင်လေယာဉ် ဒုံးကျည်နဲ့ပစ်ချခံရမှု ရုရှားမှာ တာဝန်ရှိတယ်လို့ ကုလဆုံးဖြတ်

၁၄ မေ၊ ၂၀၂၅

မလေးရှား ခရီးသည်တင်လေယာဉ်ကို ရုရှားလုပ်ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်လို့ ရုရှားမှာတာဝန်ရှိတတယ်လို့ ကုလသမဂ္ဂလေကြောင်းကောင်စီက မေလ ၁၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

လူပေါင်း ၂၉၈ ယောက်သေဆုံးခဲ့တဲ့ မလေးရှားလေကြောင်းလိုက်ရက MH17 လေယာဉ် ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှာ အမ်စတာဒမ်ကနေ ကွာလာလမ်ပူကို ထွက်ခွာခဲ့ပြီး ရုရှားသူပုန်တွေနဲ့ ယူရိန်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသမှာ ပစ်ချခံခဲ့ရတာပါ။

လေယာဉ်ပျက်ကျမှုအတွင် သေဆုံးသူ ၂၉၈ ယောက်မှာ ဒတ်ချ်နိုင်ငံသား ၁၉၆ ယောက်၊ သြစတြေးလျနိုင်ငံသား ၃၈ ယောက်၊ မလေးရှားနိုင်ငံသား ၄၃ ယောက်နဲ့ အခြားနိုင်ငံသား ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

MH17 လေယာဉ်ကို ရုရှားဖက်ဒရေးရှင်းက ပိုင်ဆိုင်တဲ့ Buk ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရတာဖြစ်တယ်လို့ နိုင်ငံတကာ ပူးပေါင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ JIT ပြောပါတယ်။

JIT ကတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) အပါအဝင် ထိပ်တန်းရုရှားအရာရှိတွေ ဒီကိစ္စမှာပါဝင်နိုင်တယ်လို့ ပြောဆိုထားပြီး စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံကတော့ ဒီလေယာဉ်ပျက်ကျမှုမှာ သူတို့ မပါဘူးလို့ ငြင်းဆိုထားပါတယ်။

ဓါတ်ပုံ – ရိုက်တာ

ဆက်စပ် သတင်းများ

Most read