Homeပြည်တွင်းသတင်းမလေးရှားမှာမြန်မာ ၁၇၀ ကျော် ဖမ်းဆီးခံရ

မလေးရှားမှာမြန်မာ ၁၇၀ ကျော် ဖမ်းဆီးခံရ

၂၁ နိုဝင်ဘာ ၂၀၂၅

မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ်၊ ကင်မရွန်ဟိုင်းလန်းမှာ မြန်မာနိုင်ငံသားတွေအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသား ၄၆၈ ဦးကို လေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနက နိုဝင်ဘာလ ၂၀ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။

၄၆၈ ဦးမှာ မြန်မာနိုင်ငံသား ၁၇၅ နဲ့အများဆုံးဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၄ ဦး အင်ဒိုနီးရှားနိုင်ငံသား ၆၇ ဦး၊ နီပေါနိုင်ငံသား ၂၀ ဦးနဲ့ အခြားနိုင်ငံသားတွေလည်းပါဝင်ပါတယ်။

အဲဒီအပြင် ကင်မရွန်းဟိုက်လန်းမှာ ပူထရာဂျာယာလူဝင်မူကြီးရေးနဲ့ တခြားပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာနပူးပေါင်းပြီး နိုဝင်ဘာ ၂၀ ရက် ကလည်းနိုင်ငံခြားသား ၁၈၆၀ ကိုစစ်ဆေးခဲ့ရာ အထောက်အထားမဲ့နိုင်ငံခြားသားတွေ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီသူတွေဟာ စီးပွားရေးအဆောက်အအုံတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ ဟင်းသီးဟင်းရွက်နဲ့သစ်သီး ခြံတွေမှာဝင်ရောက်အလုပ်လုပ်ကိုင်သူတွေဖြစ်ကြပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး