Homeပြည်တွင်းသတင်းမယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်

၁၃ မတ် ၊ ၂၀၂၅

ထိုင်းမြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားများကို ဆေးကုပေးနေတဲ့ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကိုထိုင်းနိုင်ငံမှ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ထားပါတယ်။

ထိုင်းဘုရင့်နိုင်ငံ ထိုင်းဘုရင့်တော်ဝင်မိသားစု မှ မင်းသမီး Maha Chakri Sirindhorn ကိုယ်တိုင် လာရောက် ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဆရာမကြီးဒေါက်တာနော်စင်သီယာမောင်ကို Faculty of Social Sciences, Nareasuan University က Nominated (အဆိုပြုတင်ပြ) ပေးခဲ့တာဖြစ်ပြီး အာဆီယံ ဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေတဲ့အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု များစွာဖြစ်ပေါ် စေတဲ့အတွက် ယခုလိုမျိုး ဘွဲ့ပေးအပ်တာဖြစ်တယ် လို့ကရင်အမျိုးသားအစည်းအရုံး KNU ကဆိုပါတယ်။

Nareasuan University ကနေ နှစ်စဉ် Honorary Doctorate အတွက် သက်ဆိုင်ရာ တက္ကသိုလ်တာဝ န်ရှိသူများမှ Nominated (အဆိုပြုတင်ပြခြင်း) လုပ်ပြီး တက္ကသိုလ်ကောင်စီကနေ ရွေးချယ်ပေး အပ်တာဖြစ်ပါတယ်။

ဒေါက်တာနော်စင်သီယာမောင်ဟာ ၂၀၀၃ ခုနှစ် တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းများအဖြစ် ရွေးချယ်ခံခဲ့ရသလို နိုင်ငံတကာမှ ဆုပေါင်း ၁၈ ဆုထိ ချီးမြှင့်ခံထားရတာလည်းဖြစ်ပါတယ်။

အရှေ့တောင်အာရှ ရေမွန်မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award) ဆုရရှိထားသလို ၁၉၉၉ ခုနှစ်မှာလည်း Jonathan Mann Award ကို ပထမဦးဆုံး ချီးမြှင့်ခံရသော အမျိုးသမီးတစ်ဦးလည်း ဖြစ်သလိုဩစတြေးလျနိုင်ငံမှ ချီးမြှင့်တဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo – NARESUAN

ဆက်စပ် သတင်းများ

Most read