Homeပြည်တွင်းသတင်းမန်းရွှေစက်တော်ဘုရားပွဲ ပြည်သူတွေအတွက်အန္တရာယ်ရှိကြောင်း PDF တွေ သတိပေးထားပေမယ့် စစ်ကောင်စီက လုံခြုံရေးတိုးမြင့်ထားတယ်လို့ ဆို

မန်းရွှေစက်တော်ဘုရားပွဲ ပြည်သူတွေအတွက်အန္တရာယ်ရှိကြောင်း PDF တွေ သတိပေးထားပေမယ့် စစ်ကောင်စီက လုံခြုံရေးတိုးမြင့်ထားတယ်လို့ ဆို

၂၈ ဇန်နဝါရီ ၊၂၀၂၅

လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပပြုလုပ်မယ့် မန်းရွှေစက်တော်ရာဘုရားပွဲအတွက် အန္တရာယ်ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုသတိပေးချက်ကို စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဘုရားဂေါပကတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

ဒီပွဲတော်ကို ကျင်းပနိုင်ဖို့ စက်တော်ရာဘုရားနှစ်နေရာအနီးမှာ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေက တပ်စွဲထားတယ်လို့ သိရပြီး ပွဲတော်နေရာဟာ အမ်း – ပဒန်းကားလမ်းနဲ့လည်း နီးစပ်နေပါတယ်။

မင်းဘူးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကတော့ မန်းစက်တော်ရာဘုရားပွဲကို မလာဖို့နဲ့ တိုက်ပွဲတွေ ရှိနိုင် တယ်လို့ ဇန်နဝါရီလ အစောပိုင်းက သတိပေးကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ရွှေစက်တော် ဘုရားတာဝန်ရှိသူတွေကတော့ လုံခြုံတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

” အောက်စက်တော်‌ရာမှာရော အထက်စက်တော်ရာမှာရော လုံခြုံရေးတိုးမြှင့်ထားတယ်။ အခုလက်ရှိထိတော့ တစ်စုံတစ်ရာတိုက်ပွဲမရှိဘူး။ အကြမ်းဖက်မှုမရှိဘူး။ အေးအေးချမ်းချမ်းလာရောက်ဖူးမြော်လို့ရပါတယ်” လို့ မန်းရွှေစက်တော်ဂေါပက ဥက္ကဌ ဦးအေးကိုက New Day Myanmar သတင်းဌာနကို ပြောဆိုထားပါတယ်။

ရွှေစက်တော်ဘုရားဟာ မင်းဘူးမြို့အနောက်တောင်ဘက် ၂၆ မိုင်ခန့်အကွာ စကုမြို့ရဲ့ အနောက်တောင်ဘက် ၁၆ မိုင်အကွာ အနောက်ရိုးမအရှေ့ဘက်ဆုံး တောင်စွယ်ပေါ် မှာတည်ရှိပြီး စက်တော်ရာဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်က မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိပါတယ်။

အခုနှစ်မှာ ဆိုင်ခန်းပေါင်း ၄၀၀ ဝန်းကျင်နဲ့ လူနေ တည်းခိုဆောင် ၈၀၀ ဝန်းကျင် ဆောက်လုပ်ပေးသွားမယ်လို့ သိရပြီး ဘုရားပွဲတော်ကို လာမယ့် ဖေဖော်ဝါရီ ၂ ရက်ကနေ ဧပြီ ၁၇ ရက်အထိ ကျင်းပသွားမှာ ဖြစ်ကြောင်းနဲ့ တည်းခိုဆောင်ဈေးနှုန်းထားတွေကိုတော့ ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။

ဆက်စပ် သတင်းများ

Most read