စစ်ကောင်စီတပ်က မန်တုံမြို့ နဲ့ မိုင်းငေါ့မြို့တွေကို မေ ၁၂ ရက် ည က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
မန်တုံမြို့မှာရှိတဲ့ အောင်ချမ်းသာရပ်ကွက်ကို မေ ၁၂ ရက် ညမှာ ဂျက်ဖိုက်တာ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂၇ လုံးအထိ ဗုံးစထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။
ဒါအပြင် မိုင်းငေါ့မြိုရှိ တာလုံရပ်ကွက် စာသင်ကျောင်းအနီးကို ည ၇ နာရီ ၄၀ မိနစ် မှာ ဂျက်ဖိုက်တာနဲ့၂ ကြိမ် ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
မေ ၁၁ရက်ကလည်း နောင်ချိုမြိုနယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNLA တပ်ရှိရာ ယာပြင် ကျေးရွာအနီးတဝိုက်ကိုစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါ သေးတယ်။