Homeပြည်တွင်းသတင်းမန္တလေး PDF ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လေကြောင်းရန် ကာကွယ်ရေးသတင်းအချက်အလက် မျှဝေတာနဲ့ သရုပ်ပြမှုများပြုလုပ်

မန္တလေး PDF ထိန်းချုပ်စိုးမိုးနယ်မြေတွေမှာ လေကြောင်းရန် ကာကွယ်ရေးသတင်းအချက်အလက် မျှဝေတာနဲ့ သရုပ်ပြမှုများပြုလုပ်

၂၁ မတ်၊၂၀၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိ နှိင်းရေးကော်မတီ (AFCC – Mdy) တို့ ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်စိုးမိုး နယ်မြေတွေမှာ လူထုတွေ့ဆုံပွဲနဲ့ လေကြောင်းရန်ကာကွယ်ရေးအသိပညာမျှဝေပွဲတွေ ပြုလုပ်ခဲ့တယ်လို့ သိရ ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ပြည်သူ့ရေးရာဌာနကြီးမှ တပ်ဖွဲဝင်တွေမှ ဒေသခံများအား လေ ကြောင်းရန် ကာကွယ်ရေး နဲ့ ပက်သက်တဲ့သတင်းအချက်အလက်တွေကို ပြည်သူထံဝေမျှခြင်း နဲ့ လက်တွေ့ သရုပ်ပြမှု လုပ်ငန်းစဉ်တွေ ပြုလုပ်ခဲ့တယ်လို့ MDY PDF က မတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံအနှံအပြားမှာ ပြည်သူကိုဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြု လုပ် နေတာကြောင့် ပြည်သူလူထုအနေနဲ့လေကြောင်းရန် ကာကွယ်ရေးနဲ့ပက်သက်တဲ့ သတင်းအချက် အလက် တွေကို လိုက်နာကျင့်သုံးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)

ဆက်စပ် သတင်းများ

Most read