Homeပြည်တွင်းသတင်းမန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းမကြီး​ သွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ဆို

မန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းမကြီး​ သွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ဆို

၂၀ အောက်တိုဘာ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း မန္တ​လေး- လား ရှိုးပြည်​ထောင်စုလမ်းမကြီး​ကို ယခုလ အောက်တိုဘာ ၁၈ ရက်ကနေစလို့ ဖြတ် သန်းသွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းတွေဆီကနေ သိရပါတယ်။

စစ်တပ်က နောင်ချို၊ ကျောက်မဲနဲ့သီပေါမြို့တွေကို ထိုးစစ်ဆင် ထိန်းချုပ်နိုင်ပြီတဲ့နောက်မှာ မန္တ​လေး-လားရှိုးပြည်​ထောင်စုလမ်းမကြီး​ အခုလို သွားလာခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အရင် စက်တင်ဘာလအတွင်းက ပြည် ထောင်စုလမ်းမကြီးအတိုင်း မန္တလေးကနေ နောင်ချိုအထိ သွားလာခွင့်ပြုဂာနေ အခု အောက်တိုဘာလအတွင်းမှာ ကုန်တင်ယာဉ်တွေအပါ ယာဉ်ငယ်အားလုံကိုဖြတ်သန်းခွင့်ပြုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ခရီးလမ်းကတော့ ပွင့်သွားတာပေါ့ဒါပေမယ့် ဂိတ်ကြေးတွေ အရင်လိုဝါးတားဂိတ်တွေပေါ်လာရင်တော့ မစားသာဘူး၊ အခုထိတော့ ဘာအခက်အခဲမှမရှိသေးဘူး”လို့ အဲ့ဒီလမ်းပိုင်းမှာ သွားလာနေတဲ့ ယာဉ်မောင်တဦးက New Day Myanmar ကို ပြောပါတယ်။

စစ်ကော်မရှင်က ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်နေ့မှာ ထိန်းချုပ်ပြီးနောက် သီပေါမြို့ ကိုပါ ထပ်ပြီးထိန်းချုပ်နိုင်လိုက်နိုင်တာကြောင့် အောက်တိုဘာ ၁၈ ရက်ကစလို့ သွားလာခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး