Homeပြည်တွင်းသတင်းမန္တလေး-ပြင်ဦးလွင်အတက်လမ်းမှာ Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

မန္တလေး-ပြင်ဦးလွင်အတက်လမ်းမှာ Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

၂၅ ဇန်နဝါရီ ၂၀၂၆

မန္တလေး-ပြင်ဦးလွင်အတက်လမ်းမှာ Elite Express ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ သ်ရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက် ၇ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ဖြစ်ပြီးတော့ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၂၂ ဦးအနက်ကနေ အမျိုးသမီးတဦး ဒဏ်ရာရ (မစိုးရိမ်)ခဲ့ရတာဖြစ်ပါတယ်။

လတ်တလောမှာတော့ စေတနာမွန်လူမှုကူညီရေးအသင်းယာဉ်နဲ့ ဒဏ်ရာရသူအမျိုးသမီးကို မန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မီးသတ်တပ်ဖွဲ့ရဲ့ မှတ်တမ်းဓာတ်ပုံအရ Elite Express ခရီးသည်တင်ယာဉ်ဟာ လမ်းအကွေ့မှာဘေးတစ်ဘက်ကို တိမ်း စောင်းပြီးမှောက်ခဲ့တဲ့အခြေအနေတွေ့မြင်ရပါတယ်။

ဓာတ်ပုံ-MFSD

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး